Chapter 2 (သူ (Or) Crush)

201 21 2
                                    

သူ့မှာဆွဲဆောင်မှုရှိတဲ့အပြုံးရယ် ၊ သြရှရှနဲ့နားထောင်ကောင်းတဲ့အသံနဲ့
ကူညီတတ်တဲ့စိတ်ရှိတယ်။

သူ့ကို..... ...။

.... ... .... ..... ..... .... ... ....

တရုတ်နိုင်ငံ  ဝူဟန်မှာ Covid-19 အစပြု နိဒါန်းပျိုးကာစအချိန်ပေါ့။

အတန်းတင်စာမေးပွဲ ကလည်း နီးကပ်လာနေခဲ့ပါပြီ။
ရာသီကတော့ မြူနှင်းတွေဝေ့ဝဲ့ လို့
အအေးဓာတ်ပိုတဲ့ ဆောင်းအခါသမယပေါ့။

စာမေးပွဲရက်ကနီးလာပြီဆိုတော့ ကျောင်းသားကျောင်းသူတိုင်းက စာအုပ်နဲ့အချိန်တိုင်းတစ်သားတည်း ဖြစ်နေကြ
လေတယ်။
အထူးသဖြင့် အစိုးရစစ် စတုတ္ထတန်း၊
အဋ္ဌမတန်း တွေ၊ ဒသမတန်း တွေပါ။
ကျွန်တော်ရော သူရော
စကားမပြောဖြစ်တာလဲကြာပါပြီ။

ကျွန်တော်တို့က အဋ္ဌမတန်းတွေဆိုတော့
အစိုးရစစ်ကိုဖြေကြရတော့မို့လို့
ကျွန်တော် ရင်တုန်မိတယ်။
တခြားသူတွေတော့ဘယ်လိုရှိမလဲ
မသိပေမယ့်ပေါ့။

တကယ်တော့စာမေးပွဲကအရမ်းကိုနီးကပ်
နေတာပါ။ဒီတစ်ပတ်ကုန်ဆုံးလို့
နောက်ထပ်တစ်ပတ် ရဲ့ တနင်္လာနေ့မှာပါ။

သေချာတာကတော့ သူနဲ့ကျွန်တော်နဲ့
ဝေးကွာရတော့မယ်။
ဒီအကြောင်းကိုမေ့ထားချင်ပေမယ့်လည်း
မရခဲ့ပါဘူး။

ဒီတစ်နှစ်ပတ်လုံးမှာ ကျွန်တော်
သူ့ကိုCrushနေတဲ့အကြောင်း
သူ့ကိုဖွင့်ဟဝန်မခံသလို ကျွန်တော်သူရှေ့မှာ တည်တည်ငြိမ်ငြိမ်နေဖြစ်တယ်။
ဒါပေမယ့် သူ့ကိုခိုးကြည့်တတ်တာ
သူဘယ်သိမလဲ။

တစ်ချို့ညတွေမှာအိပ်မက်တစ်ချို့မက်ဖူးတယ်။
သူကအဓိကဇာတ်ဆောင်အနေနဲ့ပေါ့။

အိပ်မက်တွေက တစ်ခါတစ်ရံ မှာမနိုးထချင်လောက်အောင် ကျွန်တော် တို့ကို
သိမ်သိမ်မွေ့မွေ့နဲ့ချုပ်ကိုင်ထားတယ်။
အချိန်တစ်ခုရောက်ရင်တော့ နိုးထလာရစမြဲပါပဲ။

အခုလည်း စာမေးပွဲအတွက် ကျွန်တော်ကြိုးစားနေပေမယ့် သူ့ကို အမြဲတမ်းကြည့်နေမြဲပါပဲ။
ကျွန်တော်တို့ဟာ အပြင်ပိုင်းမှာအရမ်းကိုနီးကပ်ပါတယ်။
တစ်ခုံတည်းတူတူ၊ ဘေးချင်းတူတူထိုင် ကြတယ်။
ဒါပေမယ့် ဆက်ဆံရေးမှာဆိုရင်တော့ ဝေးကွာလာ သလိုခံစားချက်တွေခံစားရတယ်။

သူငယ်ချင်းတွေနဲ့စကားပြောနေတဲ့သူ့ကို
ငေးကြည့်နေမိရင်း နဲ့ မျက်ရည်စ အချို့က ပါးပြင်ထက်ကနေ စီးဆင်းသွားကြတယ်။

ခဏတာ ငေးကြည့်ပြီးတဲ့နောက်မှာ
စာအုပ်ထဲက စာတွေဆီကိုပဲအကြည့်ပို့လွှတ်ထားလိုက်တော့တယ်။

မဖြစ်နိုင်သော စိတ်ကူးကိုမှတမ်းတမိခဲ့ခြင်းဟာ အချိန်တိုင်းမှာ မျက်ရည်တွေနဲ့သာ ပြည့်နှက်နေခဲ့တယ်။

ထုတ်ဖော်ပြသခြင်းမဲ့ ခဲ့ ပေမယ့် မျှော်လင့်ချက်တစ်ချို့ရှိခဲ့တယ် ဆိုတာ
တစ်ယောက်သောသူကတော့ သိခဲ့မယ်
မထင်ပါ။

     °°° °°°♥°°° °°°♥°°° °°°♥°°° °°°
JulyMoeSat 😔

He (Or)CrushWhere stories live. Discover now