Coordinateပြင်ညီပေါ်က
X-Axis နဲ့Y-Axisပေါ်မှာ positive integer ၊ negative intergerရယ်လို့
သူ့နေရာနဲ့သူရှိခဲ့သလိုသူနဲ့ကျွန်တော်ရဲ့ ဆက်ဆံရေးပြင်ညီပေါ်က
ဆုံမှတ်တိုင်းမှာလည်းအမှတ်တရတွေက
သူ့နေရာနဲ့သူ ရှိခဲ့ပြီးသားပါ။။
သူမေ့နေခဲ့ပဲဖြစ်မှာပါ။
ဒါပေမယ့် သတိတရအနေနဲ့
ကျွန်တော်ရှိနေပါသေးတယ်။
... ...Covid 19 ရောဂါကိုခက်ခက်ခဲခဲနဲ့အံတုလို့
2020ရဲ့ အေးချမ်းလှတဲ့မိုးရာသီမှာ အခြေခံပညာကျောင်းများ
ပြန်လည်စတင်ဖွင့်လှစ်ခဲ့လေသည်။အထူးသဖြင့် နဝမတန်း(ဝါ)
သင်ရိုးသစ်ဒသမတန်း ၊
သင်ရိုးဟောင်းဒသမတန်းတွေ
အတွက်သာ အစဦးဆုံး ဖွင့်လှစ်ခြင်းသာ။အာရုဏ်နေထွက်ရာအရှေ့အရပ်က ပတ္တမြား ရောင်တိမ်တိုက်အချို့၊ ညင်ညင်သာသာ ဆော်မြူးတိုက်ခတ်နေတဲ့ လေပြည်အေးနုနု၊
အဖြူအစိမ်း ဝတ်ဆင်လို့
Maskကိုယ်စီတပ်ကာရယ် ကျောင်းရှိရာသို့
ဦးတည်နေကြတဲ့ ကျောင်းသားတွေနဲ့
မနက်ခင်းဟာ လှပလွန်းတဲ့
ရှုခင်းတစ်ခုအလား။အဲ့ဒီလှပတဲ့ရှုခင်းကို ခံစားရင်း
ကျောင်းသားလေးတစ်ယောက် ခပ်မြန်မြန် လျှောက်လှမ်းနေခဲ့တယ်ဆိုတာ
အခြားသူတွေအာရုံစိုက်မိမယ်မထင်ခဲ့ပါ။ကျွန်တော် ရဲ့ခြေလှမ်းတွေက သာမန်ထက် ခပ်မြန်မြန် လှမ်းလျှောက်နေမိတယ်။
ကျောင်းကို မြန်မြန်ရောက်ချင်တာကြောင့်ပါ။
အထူးသဖြင့် နှလုံးသားကခံစားချက်
တစ်ချို့ရဲ့ လှုံဆော်မှုကြောင့်ပါပဲ။
သူ့ကို တကယ် မြန်မြန်တွေ့ချင် နေတာပါ။ဒါပေမယ့် မျှော်မှန်းထားသလို အမြဲတမ်းဖြစ်မလာနိုင်ဘူးဆိုတာကိုတော့ မေ့ထားခဲ့မိတာမှားလေခြင်းသာ။
ကျောင်းရောက်တဲ့အခါမှာ ကျောင်းခန်းထဲ
မဝင်ခင်မှာ ကိုယ်အပူချိန်တိုင်းတာနဲ့၊လက်ဆေးပြီးတဲ့အခါမှသာ
သက်ဆိုင်ရာအခန်းတွေထဲကို
ဝင်ကြပါတယ်။R 2လို့ အဖြူရောင်စက္ကူပေါ်မှာ
ရေးပြီးကပ်ထားတဲ့ အခန်းနားမှာ ကျွန်တော်ရပ်တန့်ပြီးတော့ အခန်းထဲမဝင်သေးခင် အတန်းအပြင်မှာကပ်ထားတဲ့
နာမည်စာရင်းကို သေချာစွာဖတ်လိုက်တယ်။
R 2အခန်းထဲမှာ သူ့နာမည်မပါဘူးဆိုတာသေချာတဲ့အထိ ။ပင့်သက်တစ်ခုကို ယဲ့ယဲ့သာရှိုက်ရင်း တည်ငြိမ်စွာနဲ့ အခန်းထဲကိုလှမ်းဝင်လာခဲ့တော့တယ်။
အခန်းရဲ့ဘယ်ဘက်ခြမ်းက
သုံးမြောက်ခုံတန်းရဲ့ ညာဘက်ထောင့် မှာ ကျောပိုးအိတ်ကို ချထားလိုက်ရင်း
ကျွန်တော်ပါ ထိုင်ချလိုက်တယ်။ဒီနေ့ကကျောင်းစတက်ရတယ်ဆိုပေမယ့်
Bioတွဲ Ecoတွဲကတော့မခွဲရသေးပါ။သူလည်း Bioပဲယူမယ်ဆိုတာ
ကျွန်တော်သိပါတယ်။
ကျွန်တော်လည်းBioယူမှာပါပဲ။
သူနဲ့ကျွန်တော်နဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး
စကားအနည်းငယ်ပြောခဲ့ဖူးလို့ပါ။ခဏအကြာမှာ ဆရာမက Textbooks တွေဝေတယ်။
ပြီးတော့ အတန်းပိုင်ဆရာမကစာစသင်ခဲ့တယ်။
သူ့ကို ခဏတာ မေ့ဖျောက်ရင်း စာကိုအာရုံစိုက်ရပြန်ပါတယ်။
.. .. ...ဒီနှစ်ရဲ့ပထမဆုံးကျောင်းတက်ရက်မှာတော့ သူနဲ့တွေ့ဆုံရခြင်း မရှိခဲ့သလို
သူ့ဘက်ကလည်း ကျွန်တော်အခန်းကို
မလာခဲ့ပါဘူး။
ကျွန်တော် မျှော်လင့်မိတိုင်း
အမြဲဖြစ်မလာခဲ့ပါ။
ပထမဆုံးကျောင်းတက်ရက်မှာလည်း
သူနဲ့ဝေးခဲ့ရပြန်ပါတယ်။°°° °°°♥°°° °°°♥°°° °°°♥°°° °°°
JulyMoeSat 😔
YOU ARE READING
He (Or)Crush
Teen Fictionကျွန်တော့်ရဲ့ တစ်ဖက်သတ်ချစ်ရသော နှလုံးသားကို လှုပ်ခတ်စေသူ။ ဥပေက္ခာနဲ့ ဆက်ဆံတဲ့သူ။ သူ့ကို မှ တစ်ဖက်သတ်ချစ်မိတာ ရူးသွပ်ခြင်းဆို ကျွန်တော်ဟာ အဲ့ဒီရူးသွပ်ခြင်းက ရုန်းမထွက်နိုင်သူပေါ့။