တစ်ခါတစ်လေ သူ့ကိုဘေးကနေ
စိုးရိမ်ပူပန်ပေးရုံကလွဲခဲ့ရင်
ဘာမှမတတ်နိုင်ခဲ့။
သူအန္တရာယ် မဖြစ်စေရန်သာ
ဆုတောင်းခဲ့ရင်း...တိတ်တခိုးချစ်ခဲ့ပါတယ်။... ... ..
2021 Februaryလမှာစတယ် ကိစ္စကြီးတစ်ခု
အင်တာနက်လိုင်းတွေဟာလည်း
အရင်လိုမဟုတ်ခဲ့။
Vpn ဆိုသောကြားခံ App တွေနဲ့သာ
ကြားခံအသုံးပြုနေခဲ့ကြရတယ်။သူရဲ့Accကို မကြာခဏခဏ ဝင်ဝင်ကြည့်ရတာလည်းတစ်မျိုး။
အခုချိန် စိတ်ထဲမှာမိသားစုပြီးရင် သူ့ကို
အစိုးရိမ်ဆုံးပါ။22.2.2021
သူဒီနေ့ သွားတယ် နေရာတစ်ခုဆီကိုပေါ့
လူတွေဟာလည်း ဒီနေ့နေရာတိုင်းမှာ
စုဝေးကြလို့ ။
ဒီနေ့ လူတွေရဲ့စိတ်ထဲမှာ
အပြင်းပြဆုံးဆန္ဒတွေကြောင့်
ဖြစ်တည်လာခဲ့တဲ့ စုဝေးမှုထဲမှာ သူလည်းပါဝင်ခဲ့ပြန်တာကြောင့် စိုးရိမ်ရပြန်တယ်။ချစ်နေရတဲ့သူ့ကို တစ်ခုခုဖြစ်မှာ
စိုးရိမ်တဲ့စိတ်ကြောင့် ဆုတောင်းဖို့သာ
တတ်နိုင်ခဲ့ပါတယ်။ညအချိန်ရောက်တော့ မီးစိမ်းနေတဲ့
active nowစာတန်းတစ်ခုက
ဒီနေ့ကျွန်တော့်သောကတွေကို
ကင်းပျောက်စေခဲ့တယ်။"ပြန်ရောက်ပြီလား(xxx)"
မေးခွန်းတစ်ခုကို ကျွန်တော် ခပ်မြန်မြန်keyboardမှာ ရိုက်နှိပ်ရင်း
သူ့ထံပို့ခဲ့တယ်။"အခုလေးတင်ပဲ ပြန်ရောက်တာ။"
"အင်း...ခြေထောက်နာနေရင်
ဆေးလိမ်းနော်။ဂရုလည်းစိုက်""ဘာမှမဖြစ်ပါဘူးအဆင်ပြေပါတယ်။"
အဲ့ဒီနောက်မှာ ကျွန်တော်စာဆက်မပို့ဖြစ်ခဲ့သလို သူ့ဘက်ကလည်း ဆက်လက်ခြင်းမရှိခဲ့ပါဘူး။
ဒါပေမယ့် Messenger ကသူ့Mydayမှာ
တင်ထားတဲ့ Conversation Screen-shotပုံကြောင့် အသံတိတ်မျက်ရည် ကျခဲ့ရင်း
ထိုညကိုကုန်လွန်စေခဲ့ရတယ်။
ကျွန်တော် မဟုတ်ခဲ့တဲ့
တစ်ခြားသူတစ်ယောက်နဲ့သူ့ရဲ့ Conversation ပေါ့။
အဲ့ဒိအကြောင်းတွေက အမြဲတမ်း
နာကျင်အောင်နှိပ်စက် နေစမြဲ။
မရိုးသေးသော ခံစားချက်တွေကြောင့်
အမြဲတမ်း ဆန်းသစ်ခံစား နာကျင်ရပါတယ်။
သူမသိခဲ့ပါ။ဒိီလိုနဲ့နောက်ရက်နောက်တွေမှာ ဆက်ဆံရေးအေးစက်ခဲ့ခြင်းသက်သက်သာ မဟုတ်ခဲ့ဘဲ
အပြန်အလှန် Conversation တစ်ခုမှာ
အစိမ်းရောင် Active nowစာတန်းလေးကိုပဲ ငေးကြည့်နေခဲ့မိတယ်။အချိန်တွေကုန်ဆုံးလို့
2021ရဲ့ စာသင်နှစ်ကတော့ပြန်လည်အစပြုဖို့နီးကပ်လာပြန်ပါပြီ။
ဒီနှစ် မှာ တော့ သူ့ကိုမြင်ခွင့်ရဖို့ကတော့
မျှော်လင့်လို့မရဘူးထင်ပါရဲ့။ကျောင်းကိုသွားရောက်ကြမဲ့
ကျောင်းသားတွေထဲမှာကျွန်တော်ဟာ
တစ်ယောက်အပါအဝင် ဖြစ်နေခဲ့ပါတယ်။
ဒါကြောင့်လည်း ဝေဖန်ကဲ့ရဲ့ခြင်းတစ်ချို့က
Chatboxကနေ ကျွန်တော့်ဆိီကိုရောက်ရှိ
လာခဲ့ပြန်တယ်။
အဲ့ဒိီထဲမှာသူတော့မပါဝင်ခဲ့ပေမယ့်
အဲ့ဒါကလည်း ကျွန်တော့်ကို နာကျင်စေခြင်းတစ်မျိုးပါပဲ။ကျွန်တော် သေချာဆုံးဖြတ်လိုက်ပြီ။
စာတွေပို့ရင်းသူ့ကို
အနှောက်အယှက်ဖြစ်အောင်
မလုပ်တော့ဘူးလို့
ဒါကြောင့်နောက်ဆုံးတစ်ခေါက်အနေနဲ့စာကြောင်းတစ်ချို့ကို
ခပ်သွက်သွက်ရိုက်နှိပ်ရင်း
သူ့ထံကို ပေးပို့ခဲ့တယ်။
ဒါနောက်ဆုံးစာပို့ခြင်းပါပဲ။မျက်ရည်စတွေကို ကျွန်တော်ဖိသုတ်ရင်း
သူ့နာမည်ကိုရေရွတ်မိတယ်။"(A××××)"
..... ..... ..
တစ်ဖက်သတ်ချစ်နေခဲ့ပြီးတော့
သူမသိအောင်ကွယ်ဝှက်မျိုသိပ်နေခဲ့တယ်
သူ့အနားကထပ်ပြီးမဝေးကွာရအောင်သူကတော့ ရက်စက်စွာနဲ့
ဥပေက္ခာပြုခဲ့လေတယ်..။တစ်ဖက်သတ်နှလုံးသားလေး
နာကျင်ခဲ့ရပါတယ်။
သူ့ကိုတော့အပြစ်မမြင်ရက်နိုင်ခဲ့...။°°° °°°♥°°° °°°♥°°° °°°♥°°° °°°
JulyMoeSat 😔
YOU ARE READING
He (Or)Crush
Teen Fictionကျွန်တော့်ရဲ့ တစ်ဖက်သတ်ချစ်ရသော နှလုံးသားကို လှုပ်ခတ်စေသူ။ ဥပေက္ခာနဲ့ ဆက်ဆံတဲ့သူ။ သူ့ကို မှ တစ်ဖက်သတ်ချစ်မိတာ ရူးသွပ်ခြင်းဆို ကျွန်တော်ဟာ အဲ့ဒီရူးသွပ်ခြင်းက ရုန်းမထွက်နိုင်သူပေါ့။