Chapter 4 : I Do Love You

3K 251 0
                                    

[ Zawgyi ]

"Kookie ရောက်ပြီလား..လီထွက်လာပြီ ခနလေး "

မျက်နှာလေးမြင်ချင်ပါတယ်ဆိုလို့ နေ့လည်စာစားချိန်
အားတုန်းလေးပြေးလာတွေ့တာတဲ့ ။ ဘယ်လောက်
တောင် ချစ်ဖို့ကောင်းတဲ့ ကောင်လေးပါလိမ့် ။

"ကဲ အခုနေ့လည်စာလွတ်ပြီပေါ့ "

"နေ့လည်စာလေးက ရှေ့မှာရောက်နေပြီလေကွာ..
အမဆိုတာကော ပြန်ရှာတွေ့ပြီလား "

"အွန်း ရှာတွေ့ပြီ..ညကတစ်ယောက်ထဲထားခဲ့ရလို့
ဆောတီးး..ကို့ကို​ခေါ်သွားရင် အဆင်မပြေမှာစိုးလို့ "

"နားလည်ပါတယ်ဗျာ...ကို့ကိုအာဘွား​လေး​ပေးပါ့အုံး"

"အင့်.. ဒါနေ့လည်စာတောင်အလွတ်ခံပြီး
လာတွေ့တာမို့လို့ပေးတာနော် သွား ပြန်တော့ "

(ပါးကိုပေးတာပါနော် နှုတ်ခမ်းလုံးဝမဟုတ်ပါဖူး)

"အားး Jeon Jungkook တို့အား​တွေပြည့်သွားပြီ..
ဒီကိုလာပြီး အားထပ်သွင်းပေးအုံး "

"ဟယ် ကလေးလေးကျလို့.."

ကျွန်မဖက်ပေးလိုက်တော့မှ ငြိမ်ကျသွားတဲ့
ဒီလူကြီးကိုချစ်လိုက်ရတာရှင် ။ သိပ်ကိုချစ်ဖို့
ကောင်းတဲ့ လူကြီး။

"ဒါဆို ကိုပြန်တော့မယ်...ချစ်တယ် "

"ကောင်းကောင်းပြန်နော်.. ကားကိုဖြေးဖြေးမောင်း
ကြားလား "

လီလီက​တော့ သူတို့ကို အဝေးတစ်နေရာက
စောင့်ကြည့်နေတဲ့ လူတစ်​ယောက်ရဲ့မျက်ရည်
တွေကိုဘယ်မြင်ပါ့မလဲ ။

"မာနခဲကြီးလဲထွက်သွားပြီဆို​တော့
အိမ်ကိုဆက်ရှင်းရမှာပေါ့ "

အိမ်ကိုလဲရှင်းသင့်သလောက်ရှင်းပြီးပြီဆိုတော့
ထိုနေ့က အိမ်ကိုပဲပြန်လာပြီး နားဖြစ်ခဲ့သည်။

နောက်တစ်နေ့ မနက် Duty ရှိတာမို့ စောစောစီးစီး
သာ​ဆေးရုံကိုထွက်လာခဲ့လိုက်တယ် ။

"Knock Knock "

"ဟုတ်ကဲ့ "

"မနေ့က ဘာလို့ခွင့်ယူတာလဲ Lali Shi..."

𝐕𝐢𝐥𝐥𝐚𝐢𝐧Where stories live. Discover now