Chapter 11 : The Real Jen

2.6K 168 4
                                    

[ Zawgyi ]

"အဆင်ပြေသွားမှာပါ အဆင်ပြေသွားမှာနော်..
လီလီရှိတယ် မကြောက်နဲ့တော့နော် မမ အဆင်ပြေ
ူသွားမှာ...စိတ်ကိုငြိမ်ငြိမ်ထားပါ "

အကြောက်လွန်ပြီး တုန်နေတဲ့ သူမကို ကုတင်ပေါ်ကို
ချော့ခေါ်လာခဲ့လိုက်တယ်။ လိုက်ကာတွေအကုန်ပိတ်
လိုက်ပြီး မီးတွေဖွင့်လိုက်သည်။

"မမ အိပ်ပျော်အောင်အိပ်လိုက်နော်...ဘေးမှာရှိနေ
ပေးမှာ တစ်ညလုံးရှိနေပေးမယ် "

အေးစက်နေတဲ့သူမရဲ့လက်တွေနှင့် ကျွန်မကို
ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ​နောက်ဆုံး​တော့
မျက်ရည်တွေနဲ့ အိပ်မောကျသွားသည်။ အမြဲတမ်း
တောင့်ခံနိုင်သလိုမျိုး ဟန်ဆောင်နေခဲ့တဲ့သူမရဲ့
အရင်ကအကြောင်းတွေကပြန်မပြောချင်လောက်
အောင် ဝမ်းနည်းစရာကောင်းလွန်းတယ်။

သူမအမေ Accident ဖြစ်တာကို မျက်စိရှေ့မှာ
တင်မြင်လိုက်ရတာ။ ဘယ်လောက်တောင်မှ
ကြောက်နေလိုက်မလဲ ။ သူမကြောင့် သူမအမေ
သေတာပါဆိုတဲ့အစွဲကြီးကိုပျောက်အောင် ရက်
အတော်ကြာ ​ဆေးရုံတက်လိုက်ရသေးသည်။

"မမရယ်...ရှေ့လျှောက် လီလီဘေးမှာရှိနေပေးမှာပါ
မမ ကိုတစ်ယောက်ထဲမဖြစ်စေရပါဖူး ကတိပေးပါ
တယ်နော် "

သူမဘေးမှာဆက်ပြီးစောင့်နေရင်းနှင့် အိပ်ပျော်သွား
မိတယ်ထင်ပါတယ် ။ မနက်နိုးလာ​တော့ သူမက ရုံး
သွားဖို့တောင် ပြင်ဆင်နေလေရဲ့ ။

"မမ ရုံးသွားဖို့ အဆင်ပြေရဲ့လား "

"ဒီနေ့အရေးကြီးတဲ့ Meeting ရှိနေလို့ မသွားလို့
မဖြစ်ဖူး လီလီ...မင်းကိုဆေးရုံလိုက်ပို့ပေးခဲ့မယ် "

"ရပါတယ် လီလီကားပါလာတယ်...မနက်စာကော
စားပြီးပြီလား "

"အာ တော်ပြီ အချိန်မရှိတော့လို့ မစားသွား
တော့ဖူး နေ့လည်စာနဲ့မှပေါင်းစားလိုက်တော့မယ်
ဒါဆို တို့သွားနှင့်ပြီ တံခါးတွေသေချာပိတ်ခဲ့ပေးနော် "

"အင်း ကောင်းကောင်းသွားနော် "

လက်ပြကာ အလျင်စလိုထွက်သွားတဲ့ သူမကို
ကြည့်ပြီး မနေ့ညကကိစ္စတွေကို မမှတ်မိတော့
ဖူးလားတောင် တွေးနေမိတယ် ။

𝐕𝐢𝐥𝐥𝐚𝐢𝐧Where stories live. Discover now