Chapter 13 : Just One More Day

2.7K 191 6
                                    

[ Zawgyi ]

နှစ်ရက်​တောင်ရှိ​တော့မယ် ခုထိသတိမရလာသေးပါ ။
စောင့်နေရမှာက ကျွန်မတာဝန်မို့ တစ်ခြားအတွေး
တွေမတွေးချင်တော့ပါဖူးလေ ။

"ဒေါက်တာ သွေး သွေး နှာခေါင်းသွေးလျှံနေတယ် "

"ဟင် ရတယ် ကျွန်မအဆင်ပြေတယ် "

သန့်စင်ခန်းထဲဝင်ကာ သွေးတွေကိုသန့်စင်ပြီး
ပြန်ထွက်မယ်ကြံတော့ Unnie နဲ့တန်းတိုးပါတော့
တယ်။

"လီလီ ခနလေး "

"ဟုတ် Unnie ပြောလေ "

"ဒီနေ့တော့ အိမ်ပြန်ပြီး အနားယူလိုက်ပါ့လား
တစ်ညလုံးလဲမအိပ်ဖူး နေ့ခင်းကျတော့လဲ duty
ဝင်ရတယ် မင်းကြာရင် လဲသွားလိမ့်မယ် "

"လီလီအဆင်ပြေပါတယ် Unnie ရယ်..
ဘာမှမဖြစ်ပါဖူး ဒေါင်ဒေါင်မြည်ပဲ "

အိပ်ရေးပျက်တာများတော့ ကျွန်မခေါင်းတွေက
ရီဝေဝေဖြစ်နေပြီ ။ ဒါပေမဲ့ Unnie ရှေ့မှာမို့ အား
တင်းကာ..

"ခက်ပါတယ်ကွာ... ဒီညတော့ အနားယူလိုက်ပါ
ချယ်ယောင်းလဲ ဒီညလာစောင့်ပေးမယ်တဲ့လေ
မင်း လဲသွားလို့မဖြစ်ဖူး လီလီ "

Unnie ကိုအားရှိကြောင်းပြောပြီးး ပြုံးလျက်
လူနာတွေဆီကိုသာ ထွက်လာခဲ့လိုက်တယ် ။
နားချိန်လေးခနလောက်ဖြစ်ဖြစ်ရရင်တောင်
မမ ကိုသွားကြည့်နေမိတာ ။

"လီလီ သွားပါဟာ.. အနားယူလိုက်ပါ
နင့်မျက်နှာကချောင်ကျနေပြီ...အားရှိတဲ့လူမျိုးလဲ
မဟုတ်ပဲနဲ့ကိုး ငါ့စကားကိုနားထောင်စမ်းပါ "

"ငါအဆင်ပြေပါတယ် ချယ်ယောင်းရ...မမသတိရ
လာရင် ငါ့ကိုရှာနေမှာ ငါရှိနေမှဖြစ်မယ် "

"ဒီညတော့ မ ကဆေးသွင်းပေးလိမ့်မယ် သွား အနားယူဖို့ပြင်တော့ ဘာမှမကြားချင်ဖူးနော် ဒီည
ငါဒီမှာရှိမယ် သူသတိရလာရင် လာနိုးမယ် သွား
သွား "

ဒီနှစ်ယောက်ကိုပြိုင်မငြင်းချင်တော့တာမို့
နားနေခန်းထဲကိုပြန်ပြီးတော့ အနားယူဖို့လုပ်တော့
သည်။ဒါမဲ့ ကျွန်မဘယ်လိုအနားယူနိုင်မလဲ သူမကအခုထိသတိမရသေးတာလေ ။

𝐕𝐢𝐥𝐥𝐚𝐢𝐧Waar verhalen tot leven komen. Ontdek het nu