[ Zawgyi ]
ဒီညတော့ အလုပ်တွေပစ်ကာ ဟိုကလေးမလေးဆီ
သွားရှုပ်အုံးမယ်ဆိုပြီး ဖုန်းလှမ်းဆက်လိုက်သည်။
သို့ပေမဲ့ ကျွန်မဖုန်းကိုမကိုင်တဲ့အပြင် သူက
စက်ပါပိတ်သွားတော့ သံသယဝင်ရတော့မည်။Jen's Mind-" ကလေးရယ် ဆေးရုံက Duty
ချိန်းသွားပြီဆိုလဲ ဘယ်တွေရောက်နေလဲကွာ..
ကိစ္စတစ်ခုခုရှိနေလို့လား...Jennie Kim ရယ်
စဉ်းစားစမ်းပါ သူဘယ်ကိုသွားနိုင်လဲ "နောက်ဆုံးတော့ သူမသွားလေ့ရှိတဲ့နေရာဆိုတာ
သိပ်မရှိတာကြောင့် ကျွန်မစိတ်ထဲထင်နေမိတဲ့
နေရာကိုသာ မောင်းထွက်လာခဲ့လိုက်သည်။ကလေးပေါက်လေးကိုမြင်လိုက်ရမှဘဲ စိတ်အေး
ရတော့သည်။"လီလီ "
သူမနာမည်ကိုခေါ်တာကြားတော့ မျက်ရည်တွေနှင့်
ကျွန်မဆီကိုပြေးလာနေသည်။ အခုလဲ ဘာကိစ္စတွေ
ရှိလို့ ရှိုက်ကြီးတငင် ငိုနေမှန်းမသိ ။"ဘာလို့ ငိုနေတာလဲ.."
"ဟိုအကောင်နဲ့ လမ်းခွဲလိုက်ပြီ "
"ဟင် ဘာဖြစ်လို့လဲ "
သူမငိုနေတာကိုမြင်ရတော့ စိတ်မကောင်းဖြစ်ပေမဲ့
လမ်းခွဲလိုက်ပြီဆိုတာ ကြားရတော့ ပျော်လိုက်တာ ။"သူက လီလီ့ကွယ်ရာမှာဖောက်ပြန်နေလို့ "
"အဲ့တာကို ဘာလို့ငိုနေတာလဲ ကလေးရယ်...
အဲ့လိုကောင်အတွက် မျက်ရည်တွေအကုန်မခံနဲ့
တော့ တို့အိမ်ပြန်လိုက်ပို့ပေးမယ် ""အိမ်မပြန်ချင်ဖူး.."
"အဲ့တာဆို ဘယ်သွားချင်လဲ ဘာလုပ်ချင်လဲ
ဘာစားချင်လဲ အားလုံးပြောလိုက် တို့ပိုက်ဆံလိုက်
ရှင်းပေးမယ် ""ကားလျှောက်မောင်းချင်တယ် မနက်ဖြန်
မနက်မှ duty ဆိုတော့ ဒီတစ်ညလုံး မအိပ်ဘဲ
လျှောက်သွားရအောင် ""ဒါဆို ကားပေါ်တက် "
ဦးတည်ချက်မရှိဘဲ Seoul မြို့တစ်မြို့လုံးနီးပါး
လျှောက်မောင်းနေမိတော့သည်။ ကားစီးရတာ
ကြာသွားတော့ ဗိုက်ဆာတယ်ဆိုပြီး အော်နေတဲ့
ကလေးလေးကို သဘောကျလိုက်တာ ။
YOU ARE READING
𝐕𝐢𝐥𝐥𝐚𝐢𝐧
Fanfictionနာကျင်ရမဲ့အရာမှန်းသိလျက်နဲ့ ပိုင်ဆိုင်ချင်နေမိတာဘာလို့ဆို တို့အတွက်အဖြေက မင်းဖြစ်နေလို့ 🥀