[ Zawgyi ]
သူမဆေးရုံတက်နေတာ တစ်ပတ်တောင်
ပြည့်တော့မယ်။ အုပ်ကြီးကလဲ ဘာစိတ်ကူးနဲ့
ဒီရက်ပိုင်းတွေကို Night Duty ကြီးပဲလှိမ့်ဆင်း
ခိုင်းနေလဲမသိဖူး ။ ဘာပဲဖြစ်ဖြစ်ပါလေ အလုပ်
ထွက်ဖို့ဆုံးဖြတ်ထားပြီးပြီမို့ သည်းခံရမှာပေါ့ ။လူနာသိပ်မရှိတဲ့အချိန် မမဆီခိုးပြီးထွက်လာမိပြန်ပြီ။
ဒီမမနဲ့ကျမှဘဲ အမြဲတမ်းကိုဘေးမှာရှိချင်နေမိတာ ။"လီဝင်လာပြီနော်.."
အိပ်ပျော်နေပြီထင်လို့ အသံတိုးတိုးလေးပဲပေးပြီး
ဝင်သွားပေမဲ့ သူမက ခုထိမအိပ်သေးဘဲ ဖုန်းကြည့်
နေတယ် ။"မမ မအိပ်သေးဖူးလား...မိုးအတော်ချုပ်ပြီလေ "
"အိပ်လို့မပျော်ဖူး လီလီ "
ကျွန်မလဲ သူ့ကုတင်ပေါ်မှာ ထိုင်လိုက်ပြီး
ဒီလူကြီးကို ချော့သိပ်ဖို့လုပ်တော့သည်။
ဒါတောင် မအိပ်ချင်ဖူးဆိုပြီး လုပ်နေပြန်တယ် ။"အိပ်ပျော်မှဖြစ်မယ်လေ...ဟိုတစ်ခါကလို
လက်ကိုင်ထားပေးမယ် ကျောကုန်းလေးကိုလဲ
ပွတ်ပေးမယ် လာ အိပ်ရအောင် ""လီလီနော် မသိရင် တို့က ကလေးပေါက်စကျလို့ "
"အင်း ဟုတ်တယ် လီ့ရဲ့လူကြီးပေါက်စလေး "
တစ်ယောက်အိပ်ကုတင်ဆိုပေမဲ့ ကျွန်မတို့လို
ပိန်ပိန်ပါးပါးနှစ်ယောက်အတွက်တော့ အေးအေး
ဆေးဆေး အိပ်လို့ရသည် ။ သူမကို
ရင်ခွင်ထဲထည့်ပြီး ကျောလေးကိုပွတ်ပေးရင်းး"လီလီ..မမသတိမေ့နေတုန်းကလေ အိမ်မက်လား
တစ်ကယ်လားတော့မသိပေမဲ့ Mommy နဲ့တွေ့
ခဲ့တယ် ""ဟုတ်လား..ဘာပြောသေးလဲ "
"အရင်လိုပြန်လိမ်မာတော့တဲ့ Daddy နဲ့လဲပြန်ပြီး
အဆင်ပြေအောင်နေပါတဲ့ တစ်ခြားပြောသွားတာ
တွေလဲအများကြီးပဲ...ပြောသေးတယ် မမက လီလီ့ကို
သဘောကျနေတာလို့ပြောလိုက်တော့ သူက အရွေး
တော်တယ်တဲ့လေ ""အန်တီကအဲ့လိုပြောတာရော ဟုတ်ရဲ့လား "
"အင်းလို့ မမတို့လေ အကြာကြီးစကားတွေပြော
ခဲ့ကြတာ...တစ်ကယ်အပြင်မှာ ပြောနေရသလိုပဲ..
Mommy ကသူနဲ့လိုက်ခဲ့မလားပြောတော့ မမ လိုက်
သွားမလို့ဘဲ ဒါမဲ့ လီလီအော်သံကိုနားထဲမှာကြား
လိုက်တဲ့အချိန်မှာ သတိပြန်ရလာတာ"
BINABASA MO ANG
𝐕𝐢𝐥𝐥𝐚𝐢𝐧
Fanfictionနာကျင်ရမဲ့အရာမှန်းသိလျက်နဲ့ ပိုင်ဆိုင်ချင်နေမိတာဘာလို့ဆို တို့အတွက်အဖြေက မင်းဖြစ်နေလို့ 🥀