[ Zawgyi ]
ပျော်ရွှင်မှု. . . ။ ကျွန်မအတွက်ပျော်ရွှင်မှုကိုအဓိပ္ပါယ်
ဖွင့်ရရင် ကိုယ်တိုင်နှပ်ထားတဲ့ ကော်ဖီတစ်ခွက်ရယ်
စာအုပ်တစ်အုပ်ရယ်သာ. . .။ကျွန်မမှာ ဒါတွေအားလုံးပြည့်စုံနေပါလျက်နဲ့ ဘာလို့
ရင်ဘတ်ထဲမှာ ပျော်ရွှင်မှုကို မခံစားနေရတာလဲ ။
ကျွန်မရဲ့စိတ်တွေက အပြေးလေးပဲ သူမဆီကို. .။Lisa's Mind-"မမ အဆင်ပြေနေရဲ့လား. .
ဒီစကားကိုမပြောသင့်တော့ပေမဲ့ မမ ကိုလွမ်းနေ
တယ်ဆိုရင် ယုံမလားဟင် "သူမနဲ့ပက်သက်တဲ့အကြောင်းအရာတွေအားလုံးကို
မေ့နိုင်နေပြီဆိုပြီး ကြွေးကြော်နေခဲ့ပေမဲ့ သူုတို့တွေက နှလုံးသားရဲ့အနက်ဆုံးနေရာမှာ ရှိနေကြတာကိုး ။
မမ ဆိုတဲ့အမျိုးသမီးလေးရဲ့ ဖုန်းနံပါတ်ကိုကြည့်ပြီး
ခေါ်သင့်လား မခေါ်သင့်ဖူးလားဆိုတဲ့ အတွေးနှစ်ခုက
ဦးနှောက်ထဲမှာ လွန်ဆွဲနေပြန်တယ် ။ထိုအတွေးတွေကို ခနလောက်ဖျောက်လိုက်ပြီး
လက်ထဲကဖုန်းကို ကုတင်ပေါ်ပစ်တင်လိုက်တယ် ။
လက်ပတ်နာရီကိုကြည့်တော့ ဂျုတီချိန်နီးနေတာမို့
ဆေးရုံကိုသွားဖို့အတွက် ပြင်ဆင်ရတော့မည်။ဂျုတီဆိုပေမဲ့ နာရီပိုင်းပဲ သွားကြည့်ပေးရတာမို့ တစ်
နေ့လုံး ကျွန်မအတွက် အချိန်တွေကပေါလှတယ် ။
ဒီလိုပိုက်ဆံရှာနိုင်တဲ့အရွယ်မှာ ပိုက်ဆံတစ်ခုထဲ
နောက်ကိုလိုက်ပြီး ကျွန်မရဲ့ အချိန်တွေ နုပျိုမှုတွေ
ကိုမကုန်ဆုံးစေချင်ပြန်ဖူး ။ ဒါဆိုပညာတော်သင်သွားတာ ဘာကြောင့်လဲလို့မေးကောင်းမေးကြလိမ့်မယ် ။ ကျွန်မရဲ့အဖြေက မမဆိုတဲ့ သူမတစ်ယောက်ထဲ
ကြောင့်ပဲ. .။နောက်ထပ်တစ်ကြိမ်တစ်ခါလောက်သာ အခွင့်
အရေးရှိနေခဲ့မယ်ဆိုရင်လေ သူမရဲ့ ကိုယ်သင်းနံ့လေး
ကိုတစ်ဝကြီးရှုရှိုက်ပြီး ရင်ခွင်ထဲကနေ ဘယ်လောက်
တောင်ချစ်ရပါတယ် ဆိုတဲ့ အကြောင်းတွေကိုပြောပြ
ချင်သေးပါရဲ့လေ. .။အတွေးတွေကနေ ရုန်းထွက်ပြီး သွားတွေ့ချင်လိုက်
တာ ။ဖြစ်ပေါ်လာတဲ့ ဆန္ဒတွေကိုသာ အလိုလိုက်မိရင် ကျွန်မတို့နှစ်ယောက်ပြန်အဆင်ပြေတာ စပြီး တွေ့ကြ
တဲ့နေ့ကတည်းကပေါ့ ။
YOU ARE READING
𝐕𝐢𝐥𝐥𝐚𝐢𝐧
Fanfictionနာကျင်ရမဲ့အရာမှန်းသိလျက်နဲ့ ပိုင်ဆိုင်ချင်နေမိတာဘာလို့ဆို တို့အတွက်အဖြေက မင်းဖြစ်နေလို့ 🥀