[ Zawgyi ]
မနေ့ကစာရင်းတွေကိုပြန်စစ်ရင်း ဒီနေ့လဲ ညနက်အုံး
မယ်ထင်ပါရဲ့ ။ ဒီအချိန်ဆို အားလုံးရုံးဆင်းသွားကြ
လောက်ပြီ ။ ဟိုကလေးမလေးကိုလွမ်းလာတာမို့
အလုပ်တွေအဆုံးသတ်ပြီးရင်တော့သွားတွေ့အုံးမှ
ပါလေ ။အခုရက်ပိုင်းတွေမှာ သူမအပေါ်ပိုပြီး သဘောကျ
လာမိတယ် ။ အချိန်တိုင်းလဲတွေ့ချင်နေမိတယ်
တော်တော်လေးကိုလဲ ကလေးဆန်လာမိတာ ။"Jennie Kim မင်းနဲ့စာရင်းရှင်းစရာရှိတယ်..
တစ်ခြားသူတွေပါခေါ်လာရင်တော့ Lalisa ဆိုတဲ့
ကောင်မသေပြီပဲ "အမည်မသိဖုန်းတစ်လုံးဆီက ပို့လာတဲ့ စာတွေကို
ကျွန်မဘယ်လိုယုံကြည်ရမလဲ ။ ဒါပေမဲ့လဲ လီလီ
လီလီ့ကို တစ်ကယ်ပဲဓားစာခံလုပ်ထားမှာကို
စိုးရိမ်သည်။"အေး ငါအခုလာမယ် "
~~~~~~
ဒီနေ့ခွဲစိတ်ခန်းဝင်ရတာ စိတ်မကြည်မလင်ဖြစ်
နေသည်။အိပ်ရေးပျက်တာတွေများလို့လားတော့
မသိပေမဲ့ အိမ်ကိုပြန်အနားယူမှဖြစ်မယ်ဆိုပြီး
ခွဲစိတ်မှုကို အမြန်အဆုံးသတ်လိုက်တယ် ။ ဒါပေမဲ့
ကျွန်မနားနေခန်းထဲကို Jungkook ဝင်သွားတာကို အဝေးတစ်နေရာကနေလှမ်းတွေ့လိုက်သည်။Lisa's Mind-" သူဘာလို့ အခန်းထဲဝင်သွားရတာလဲ
သူ့နားနေခန်းမဟုတ်ဘဲ ဘာလို့လဲ "Nurse တစ်ယောက်က လူနာအခြေအနေကြည့်ခိုင်း
နေတာနှင့် နည်းနည်းနောက်ကျသွားသည် ။ ကျွန်မ
နားနေခန်းထဲရောက်တဲ့အချိန်မှာ ဟိုလူမရှိတော့ပါ ။ခွဲစိတ်ခန်းဝင်နေရင် ဖုန်းကို နားနေခန်းထဲမှာဘဲ
ထားတတ်တာမို့ ဒီလူ ကျွန်မဖုန်းကိုလာရှာတာပဲ
ဖြစ်မယ် ထင်တယ် ။ဖုန်းကိုစစ်ကြည့်တော့ ထူးထူးခြားခြားပြောင်းလဲ
နေတာမျိုးမရှိဘဲ ပုံမှန်အတိုင်းသာဖြစ်နေပေမဲ့
အကြောင်းမရှိဘဲ ဒီနားနေခန်းထဲဝင်စရာမှမရှိတာ ။
သူ့နောက်ကိုအမြန်ပဲလိုက်သွားတော့ ဆေးရုံထောင့်
တစ်နေရာမှာ ကပ်ပြီးဖုန်းပြောနေလေရဲ့ ။"အေး ငါ့ဘက်ကတာဝန်ကျေပြီ ကျန်တာမင်းတို့
တာဝန်ပဲ..ငါလဲခနနေထွက်လာခဲ့မယ် "
ESTÁS LEYENDO
𝐕𝐢𝐥𝐥𝐚𝐢𝐧
Fanficနာကျင်ရမဲ့အရာမှန်းသိလျက်နဲ့ ပိုင်ဆိုင်ချင်နေမိတာဘာလို့ဆို တို့အတွက်အဖြေက မင်းဖြစ်နေလို့ 🥀