Chapter 22 : When It's Real. . .

2.4K 156 6
                                    

[ Zawgyi ]

မနေ့ညက တစ်ညလုံး သူမအကြောင်းတွေးနေမိ
တာနှင့်ကျွန်မရဲ့အိပ်ချိန်တွေ နောက်ကျသွားတယ် ။ နိုးနေကျအချိန်ထက်နောက်ကျမှထမိတော့ ခေါင်း
တောင် သိပ်မကြည်ဖြစ်နေတယ် ။ နိုးနိုးချင်းဘဲ ဟို
ဘက်အခန်းကကလေးမလေးကို သွားချောင်းကြည့်ပြီး အချစ်​တွေပို​နေမိပြန်တယ်။

ဒီလိုမျိုး အသက်ပါတဲ့အပြုံးမျိုးက သူမနဲ့တွေ့မှဘဲ
ထွက်ပေါ်လာတာ ။ မနက်စာအတွက် ရေခဲသေတ္တာထဲက ပစ္စည်းတစ်ချို့ကိုထုတ်ပြီး Apron ကိုခါးမှာအကျ
ဝတ်လိုက်ကာ ပြင်ဆင်စရာရှိတာ ပြင်ဆင်နေလိုက်
သည်။

သူမနဲ့ပြန်တွေ့ခဲ့ရင်ဆိုတဲ့အတွေးနဲ့ ဒီနှစ်တွေအတွင်းမှာအားရင်အားသလို ဟင်းချက်သင်တန်းသွားတက်
နေမိတာ။ အခုဆို ကျွန်မ အားလုံးနီးပါးကို ကိုယ်တိုင်
ချက်နိုင်နေပြီလေ ။ ကျွန်မရဲ့လက်ရာကို သူမကိုစား
စေချင်တဲ့စိတ်ဆန္ဒတစ်ခုထဲနဲ့သာ သင်ယူခဲ့တာ ။ (တို
့ကောင်မလေးလို ချစ်တတ်ကြပါစေ )

"လီလီ..ထတော့ မနက်စာအဆင်သင့်ဖြစ်နေပြီ..
ထွက်လာခဲ့တော့နော် တို့စောင့်နေမယ် "

အိပ်ချင်မူးတူးဖြစ်​နေတဲ့ သူမမျက်နှာ​လေးကို မမြင်
ခဲ့ရတာ ဘယ်လောက်​တောင်ကြာခဲ့ပါလိမ့် ။ မျက်လုံး
လေးကိုအသာပွတ်ပြီး ကျွန်မရှေ့ကထိုင်ခုံမှာဝင်ထိုင်
နေတယ် ။ အဲ့ကလေးမလေးကို စိုက်ကြည့်နေမိတာ အတော်ကြာ ။

"ညကခေါ်လာပေးတာ ကျေးဇူးပါပဲ "

သူမရဲ့လေသံက အေးစက်စက်ဆိုပေနှင့် ကျွန်မက
တော့နွေးထွေးမှုကို အသေအချာခံစားနေရတာ ။

"အိမ်ကကားတစ်စီးယူသွားမလား.. တို့ပြန်လိုက်ပို့
ပေးရမလား "

"ဘတ်စ်စီးပြီးတော့ဘဲ ပြန်လိုက်ပါ့မယ် "

"ဒီအိမ်ကနေဆို ဘတ်စ်မှတ်တိုင်ထိသွားရမှာ
နည်းနည်းဝေးတယ် အိမ်ကကားတစ်စီးယူသွား
လိုက်ပါ...ခေါင်းမူးနေမှာစိုးလို့ ဟိုစားပွဲပေါ်မှာ
သံပရာရည်လုပ်ထားတယ် သောက်ပြီးမှပြန်​နော်
ဒါဆို တို့အရင်သွားနှင့်မယ်"

𝐕𝐢𝐥𝐥𝐚𝐢𝐧Donde viven las historias. Descúbrelo ahora