[ Zawgyi ]
မနေ့ညက Nayeon နဲ့တွေ့ပြီးအပြန်မှာ ဟန်နီ့ဆီကို
ဖုန်ဆက်မယ်လုပ်တော့ ဖုန်းက အားမရှိတော့ပါ ။
အိမ်ပြန်ရောက်တာနဲ့ ဖုန်းကိုအားသွင်းပြီး စောင့်
နေရင်း ထိုနေရာမှာဘဲ အိပ်ပျော်သွားခဲ့သည် ။မနက်
ရောက်တော့ မှဖုန်းကိုကြည့်မိတော့ ခေါ်ထားတာ
တွေတအားများနေတာပဲ..။Jen's Mind-" ဟန်နီရယ် ဖုန်းကိုင်ပါ့အုံး..
တစ်ခုခုများဖြစ်နေတာလား "ဒီနေ့တော့ ရုံးမသွားတော့ဘဲ သူမဆီကိုသာထွက်လာခဲ့
လိုက်တယ် ။ အခုချိန်လောက်ဆို အိပ်ရာထတတ်တဲ့
ကောင်မလေးက ခုဖုန်းခေါ်တာကိုမကိုင်ဖူးဆိုတော့
တစ်ခုခုဖြစ်နေတာ သေချာပြီ ။အရှိန်ကိုမြန်နိုင်သမျှတင်လိုက်ပြီး သူမဆီကိုရောက်ဖို့
တစ်ခုထဲကိုသာတွေးနေမိတယ် ။"ဟန်နီ..လီလီ တံခါးဖွင့်ပါ့အုံး ဟန်နီ "
တံခါးခေါက်တာ ကြာနေပေမဲ့ ခုထိတံခါးလာမဖွင့်
တာကြောင့် သော့အပိုနဲ့ဖွင့်ပြီးဝင်ကြည့်တော့ အိပ်ရာ
ထဲမှာ ခွေခွေလေး အိပ်နေတဲ့ သူမ ။ဘေးနားက ရေပတ်ဝတ်ကိုတွေ့တော့ ဒါဆိုညကဖျား
နေခဲ့တာပေါ့ ။ တောင်းပန်ပါတယ် ကလေးရယ်
ဘေးမှာရှိနေပေးခဲ့သင့်တာ ။"ဟန်နီ. .နေလို့အဆင်ပြေရဲ့လား "
"ဟင် မမ "
ကျွန်မကိုတွေ့တော့ အံ့သြပြီးအတင်းကိုဖက်တော့
တယ်။ ညကလဲ ကျွန်မတစ်ယောက်ထဲကိုပဲ ဖုန်း
ခေါ်ထားတာထင်ပါရဲ့ ။"မနေ့ညကလေ မမ မှားသွားတာ. . "
"အများကြီးကိုလွမ်းနေတာ. ."
"အင်း သိပါတယ် ကလေးရယ်. .အခုနေရတာ
အဆင်ပြေရဲ့လား ဆေးရုံသွားဖို့လိုသေးလား ""ဟင့်အင်း. ."
အသံလေးကငြိမ်ပြီးတော့တိုးသွားလိုက်တာ ။ကလေး
မလေးက ဘယ်မှမသွားချင်ဖူးဆိုတော့ ဒီနားက
ဆေးဆိုင်တစ်ဆိုင်မှာ ဆေးသွားဝယ်မယ်လုပ်တော့လဲ အဝယ်မခံ။"ဘယ်မှမသွားပါနဲ့. .ဘေးမှာဘဲနေပေးနော်"
"ကိုယ်ငွေ့လေးနည်းနည်းရှိနေသေးတယ်လေ ဟန်နီ
ရယ်..အဖျားကမပျောက်ပဲထပ်ပြီးဖျားနေမှဖြင့် "
YOU ARE READING
𝐕𝐢𝐥𝐥𝐚𝐢𝐧
Fanfictionနာကျင်ရမဲ့အရာမှန်းသိလျက်နဲ့ ပိုင်ဆိုင်ချင်နေမိတာဘာလို့ဆို တို့အတွက်အဖြေက မင်းဖြစ်နေလို့ 🥀