Final Chapter 🌼

6.3K 245 28
                                    

[ Zawgyi ]

ဒီလိုအရောင်တွေစုံလင်လှတဲ့ ညနေခင်း​လေး. .။
မြက်ခင်းစိမ်းစိမ်းလေးပေါ်မှာ ဖျာတစ်ချပ်ကို ခင်းကျင်း
ထားပြီး ထိုဖျာပေါ်မှာ စားသောက်စရာအနည်းငယ်. .။
တစ်ဦးသော အမျိုးသမီလေးက ဂါဝန်အဖြူရောင်လေး
ကိုဝတ်ဆင်ထားပြီး ခြေထောက်လေးကို အသာဆင်း
ကာ လက်ထဲမှာရှိ​နေတဲ့စာအုပ်ရဲ့ စာရွက်တစ်ရွက်ပြီး
တစ်ရွက်ကို စိတ်ဝင်တစားနဲ့ ဖတ်နေတယ် ။ ထိုအမျိုး
သမီးလေးရဲ့​​ဘေးနားမှာ နောက်ထပ်အမျိုးသမီးလေး
တစ်ဦးကိုတွေ့နေရပေမဲ့ သူမကတော့ ပထမ အမျိုး
သမီး​လေးရဲ့ပေါင်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်
ပျော်နေတော့တယ်. .။

နေဝင်ချိန်​လေးကို စောင့်ကြည့်ဖို့ ခေါ်လာခဲ့မိပါတယ်
သူမက ပေါင်ပေါ်မှာ နေရာယူပြီး အိပ်တောင်ပျော်
နေပြီ ။ မျက်နှာနုနုလေးပေါ်ကို နေရောင်လေး
ကျရောက်လာတော့ ကျွန်မမှာ  သူမမျက်နှာ​လေးကို လက်နဲ့ ကာကွယ်ပေးနေမိတယ် ။ ကျွန်မမြတ်နိုး
တန်ဖိုးထားရတဲ့ဒီအမျိုးသမီးလေးကို ဘယ်သူ့ဆီ
ကနေပဲဖြစ်ဖြစ် ကာကွယ်ပေးနေအုံးမှာပါ ။

နေရောင်ခြည်နွေးနွေး​လေး​တွေ ရန်ကနေ ကာကွယ်
ပေးထားတဲ့ ကျွန်မရဲ့လက်တစ်ဖက်ကို သူမဆုပ်ကိုင်
လာတယ် ။

"မမ နိုးလာပြီလား "

သူမရဲ့နှုတ်ခမ်းဖျား​လေးက ဘာစကားသံမှထွက်ပေါ်
မလာခဲ့ပေမဲ့ ပြုံး​တော့ရယ်ပြ​နေသား ။ အပြုံးဆိုတာ
ကူးစက်တတ်တယ်လို့ပဲဆိုရမလား. . .ချစ်ရသူရဲ့
အပြုံးတွေကြောင့်လို့ပဲဆိုရမလား. . သူမနဲ့အပြိုင်
ကျွန်မပါ ပြုံးနေမိတယ် ။

လိမ္မော်ရောင်ဖျော့ဖျော့သန်းနေတဲ့ကောင်းကင်ကြီးထဲ
ကို ဖြေးဖြေးချင်းနစ်ဝင်နေတဲ့ နေမင်းကြီးကိုကြည့်ပြီး
ရင်းရင်းနှီးနှီးပြုံးပြမိတယ် ။ သူမပြုံးလိုက်တဲ့အချိန်
တိုင်း နစ်မြောသွားတဲ့ ကျွန်မရဲ့ဘဝနဲ့ တူနေလို့ ။

နေဝင်ချိန်တိုင်းဟာ လှပတယ်ဆိုပေမဲ့ ဘေးမှာရှိ
နေတဲ့ချစ်ရသူကြောင့် ပိုပြီးပြည့်စုံသွားတာလို့
ဆိုချင်မိတယ် ။

"ဟန်နီ. . မမ ကိုချစ်လား "

ဒီမေးခွန်းဟာ လူသား​တွေအားလုံး သူတို့ချစ်ရတဲ့သူ
ကို မေးလေ့ရှိပြီး အဖြေကိုသိသိရက်နှင့် တုန့်ပြန်မှု
လေးကိုအရသာခံပြီး နားထောင်ချင်ကြတာ
သဘာဝပါဘဲ။ (အဲ့တော့ ကို့ချစ်သူကချစ်လားမေးရင် မချစ်ဖူးလို့မဖြေကြပါနဲ့ ဂေါင်ကြီးတို့)

𝐕𝐢𝐥𝐥𝐚𝐢𝐧Tahanan ng mga kuwento. Tumuklas ngayon