Chapter 20 : For The First Time

2.5K 149 28
                                        

[ Zawgyi ]

ဦးနှောက်အာရုံကြောတွေက နာကျင်မှုတွေပြပြီး
ကျွန်မကို နိုးထလာအောင် ပြုလုပ်နေတယ် ။ ပေကပ်
ကပ်လုပ်ပြီး ဆက်အိပ်နေချင်ပေမဲ့ လီလီ..။

"ဒါအိမ်မက်မလား..ဟုတ်ပါတယ် အိမ်မက်လို့
တစ်ယောက်ယောက်ပြောပေးကြပါ အိမ်မက်
မက်နေတာလို့ ပြောပေးကြပါကွာ.. "

လီလီ..ဟုတ်တယ် သူ့ဆီသွားရမယ် ငါသွားမှဖြစ်
မယ်။

"Unnie စိတ်ကိုထိန်းပါ့အုံး..ညကသူ့နောက်လိုက်
သွားပြီးပြီ​လေ အိမ်ရှေ့မှာ မူးပြီးအိပ်​ပျော်​နေလို့ ပြန်
ခေါ်လာပေးခဲ့တာ မမှတ်မိတော့ဖူးလား "

ချယ်ယောင်းပြောတဲ့စကားလုံးတွေကို နားမလည်သလို
မှတ်ဥာဏ်တွေထဲမှာလဲ ရှာဖွေလို့မတွေ့သေးဖူး ။ ခန
လောက်ငြိမ်သက်နေပြီး ပြန်တွေးနေမိတယ်.. ။

"လီလီ...မမ တောင်းပန်ပါတယ် တံခါးဖွင့်ပေးပါ​နော်
မမကို ဒီလိုမျိုးကြီးတော့ ထားမသွားပါနဲ့ ကျေးဇူးပြုပြီး
တော့ တံခါးဖွင့်ပေးပါ တောင်းပန်ပါတယ် "

ညဘက်ကြီး သူ့အိမ်ထိလိုက်သွားပြီးး တံခါးကိုထုရိုက်
ခေါ်နေမိတယ် ။ ဘေးအိမ်ကလူတွေက ဆူညံလို့ဆိုပြီး
ကျွန်မကိုသတိလာ​ပေးတဲ့အထိ အော်​ခေါ်​နေခဲ့တာ ။

ဒါပေမဲ့ သူမလုံးဝတံခါးလာမဖွင့်ပေးတာပါ ။ ကလေး
ရယ် အဲ့လောက်တောင်မှ အသဲမာလားကွာ..။

"လီလီ တံခါးလာမဖွင့်ပေးမချင်း မမ ဒီမှာဘဲ
စောင့်နေမှာ...မိုးလင်းသွားလဲ စောက်ဂရုစိုက်မှာ
မဟုတ်ဖူး ဒီနေရာမှာဘဲ စောင့်နေအုံးမှာ.. "

အချိန်တွေကြာလာတာနှင့်အမျှ ရာသီဥတုက ပိုပြီး
အေးစက်လာတယ် ။ သူမရဲ့အချစ်တွေလိုပါပဲလား။ ထိုအိမ်ရှေ့မှာ တော်တော်ကြာအောင် ထိုင်စောင့်နေ
ခဲ့တာ ဘယ်အချိန်များ လာဖွင့်ပေးမလဲဆိုပြီး...။
ဒါပေမဲ့..။

ဒါဆို ကျွန်မတို့ဇာတ်လမ်းက ပြီးသွားပြီလား...။

"Unnie ဒီမှာမနက်စာစားလိုက်အုံးနော်.. လီလီ့ကို
ချယ်တို့လဲဝိုင်း​ပြောပါ့မယ် ပြန်အဆင်ပြေသွားမှာပါ
သူ့ကိုအချိန်လေးခနလောက်ပေးလိုက်ပါနော် "

𝐕𝐢𝐥𝐥𝐚𝐢𝐧Where stories live. Discover now