[Zawgyi]
CEO Jennie Kim တဲ့ ဟန်နီ ။ တို့ကိုအားလုံး
လေးစားချစ်ခင်နေကြတယ် မင်းကလွဲလို့ပေါ့... ။စားပွဲခုံပေါ်က နာမည်ဘုတ်အကြည်လေးကိုကိုင်ပြီး
သူမကို သတိရနေမိပြန်တယ် ။ ဒီနေ့မှမဟုတ်ပါဖူး
နေ့တိုင်းလိုလို သတိရနေခဲ့တာပါလေ ။"ဟန်နီ အဆင်ပြေနေရဲ့လား... မမကိုခွဲသွားတာ
နှစ်တွေအတော်ကြာပြီနော် ငါးနှစ်တောင်ရှိနေပြီ "*Knock Knock *
"ဝင်ခဲ့ပါ "
"CEO Kim... ကျွန်တော်တို့တွေ ရုံးခွဲတစ်ခုမှာ
ပြဿနာတက်နေလို့ အလုပ်သမားတွေအားလုံး
ရန်တွေဖြစ်နေကြတယ် အခုသွားဖြေရှင်းမှဖြစ်မယ် "Ferrari F60 လေးနှင့် အမြန်ပဲထိုလူတွေနေရာ
ဆီသို့ ။ကျွန်မကားရောက်လာတဲ့အချိန်မှာ ထိုလူတွေအားလုံးရဲ့ရန်ပွဲတွေကရပ်ပြီး အားလုံးရဲ့အကြည့်တွေက ကျွန်မဆီ။ကျွန်မကားပေါ်ကဆင်းလာတော့ အားလုံးက တိုးတိုး
တိုးတိုးနှင့် တစ်ယောက်တစ်ပေါက် ပြောဆိုနေကြ
တယ်။ အလုပ်သမားခေါင်းဆောင်ဆီ သွားပြီးမေး
တော့မှ အကြောင်းစုံကို သိရတော့တယ် ။"ကဲ အားလုံးဖြစ်နေတဲ့ကိစ္စကို ကျွန်မရှင်းပေးပါ့မယ်..
ဒဏ်ရာရနေတဲ့လူတွေကို ဆေးရုံလိုက်ပို့ပေးမှာမို့
ကျွန်မနောက်ကလိုက်ခဲ့ကြပါ "ဒီလိုနှင့် ဆေးရုံကိုရောက်တော့ သူတို့တွေအားလုံးကို
ဆရာဝန်ဆီ သေချာအပ်ရင်းး မထင်မှတ်ဘဲ လူတစ်
ယောက်နဲ့ ဝင်တိုက်မိတော့မလိုဖြစ်တော့..."ဆောတီးပါရှင် မမြင်လိုက်မိလို့ပါ. .လီလီ? "
လောကကြီးတစ်ခုလုံး ရပ်တန့်သွားပြီးတော့
ဦးနှောက်ဆဲလ်တွေအကုန် အလုပ်မလုပ်တော့
သလိုပဲ. . ။ သူမ မဟုတ်လား. . ကျွန်မရှေ့မှာ ရပ်နေတာ သူမ ဟုတ်ပါတယ် သေချာပါတယ် ကျွန်မ သိပ်
ကိုမြတ်နိုးခဲ့ရတဲ့ မျက်ဝန်းတွေ. .။ကျွန်မကိုမြင်တော့ မျက်လုံးအဝိုင်းသားနဲ့ အံ့သြနေ
တဲ့ကောင်မလေးဆီက အကြည့်တွေမခွာနိုင်ဖြစ်နေ
တယ်။ သူမကဂျူတီကုတ်မဝတ်ထားတော့ ဒီဆေးရုံမှာ အလုပ်လုပ်နေတာတော့ မဖြစ်နိုင်ပါဖူးလေ ။
YOU ARE READING
𝐕𝐢𝐥𝐥𝐚𝐢𝐧
Fanfictionနာကျင်ရမဲ့အရာမှန်းသိလျက်နဲ့ ပိုင်ဆိုင်ချင်နေမိတာဘာလို့ဆို တို့အတွက်အဖြေက မင်းဖြစ်နေလို့ 🥀