ပြတင်းပေါက်ကနေ တိုးဝင်လာတဲ့ လေအေးအေး
လေးတွေက Naked ဖြစ်နေတဲ့ ကျွန်မခန္ဓာကိုယ်ကို လှုပ်နိုးလိုက်တယ် ။ ရင်ခွင်ထဲမှာ အိပ်မောကျနေတဲ့
ကောင်မလေးကလဲ Naked ဖြစ်နေတာမို့ သူမကို
စောင်သေချာခြုံပေးလိုက်ပြီး ပြတင်းပေါက်ကိုပိတ်
လိုက်တယ် ။ညက နောက်တစ်ကြိမ်လုပ်ပြီး သူမက အိုက်တယ်
ဆိုလို့ ဖွင့်ပေးထားခြင်းပင် ။ အလင်းရောင်တောင်
မပေါ်သေးတော့ အချိန်တော်တော်စောအုံးမယ်ထင်
သည်။"Peachy? အာ သူပြန်လာနေပြီတဲ့လား... "
သူပြန်လာပြီဆိုပြီးစာပို့လာတဲ့ အမျိုးသမီးအကြောင်းကိုပြန်တွေးမိပြီး ထိုနေရာမှာ အချိန်အားဖြင့်
အတော်ကြာ...။"မမ.. အဲ့မှာဘာလုပ်နေတာလဲ အိပ်မပျော်လို့လား "
စောင်ကို ကိုယ်မှာပတ်ပြီး ကျွန်မဆီကိုရောက်လာတဲ့
ကောင်မလေးက ချစ်ဖို့ကောင်းလိုက်တာ ။ အိပ်ချင်မူး
တူးအသံလေးနဲ့ကွာ ။"အိပ်မပျော်လို့မဟုတ်ပါဖူး ဟန်နီရယ်...
ဒီတိုင်းပဲ နိုးလာလို့ ခနလာထိုင်နေတာ ""ဒါဆို လီလီလဲထိုင်မယ် မမအိပ်မယ်ဆိုမှ
တူတူအိပ်ကြမယ်လေ ""ကဲပါ မမလဲ လိုက်အိပ်ပါ့မယ်.. အိပ်ရေးမဝဖြစ်
နေရင် ခေါင်းမကြည်ပဲနေမှာစိုးတယ် "ကျွန်မလဲ သူမကိုသိပ်ပြီးလောက်တဲ့အချိန်ဆို အိပ်ချင်
လာမယ်ထင်ပေမဲ့ ထိုအမျိုးသမီးနဲ့ပက်သက်ပြီးတော့
စိတ်ထဲမှာ မကောင်းတဲ့ခံစားချက်ကြီး..။မနက်ရောက်တဲ့အထိ ကျွန်မရဲ့အတွေးတွေကို
အဆက်မဖြတ်နိုင်သေးဘဲ ဖြစ်နေတယ် ။ သူမတောင်
နိုးလာပြီ ကျွန်မတစ်စက်မှ မအိပ်ရသေးဖူး ။"မမ လီတို့ ဒီနေ့ဘာလုပ်ကြမလဲ..Seoul ကိုပြန်ပြီး
ချယ်ယောင်းတို့နဲ့မုန့်သွားစားကြမလား..ဒီမှာဘဲနေပြီး
အချိန်ကုန်မလား ""Nayeon ပြန်လာတော့မယ်တဲ့ ဟန်နီ "
သူမကို ကျွန်မရဲ့အေးစက်စက်အသံတွေနဲ့ ပြောလိုက်
ပေမဲ့ ပြန်ပြီးတုန့်ပြန်လာတဲ့ အမူအရာက နွေးနွေး
ထွေးထွေးလေးနဲ့သာ..။

YOU ARE READING
𝐕𝐢𝐥𝐥𝐚𝐢𝐧
Fanfictionနာကျင်ရမဲ့အရာမှန်းသိလျက်နဲ့ ပိုင်ဆိုင်ချင်နေမိတာဘာလို့ဆို တို့အတွက်အဖြေက မင်းဖြစ်နေလို့ 🥀