Zawgyi“ ဧကရာဇ်ရှောင်း၏ အမိန့်တော် ..
ဝမ်တိုင်းပြည်မှ ဆောင်ကျဉ်းခေါ်ယူထားခဲ့သော ဝမ်မျိုးနွယ်အား ယနေ့မှစ၍ ရက်သတ္တပတ်အထိ အပယ်ခံရေခဲနန်းဆောင်သို့ ပြောင်းရွေ့နေထိုင်စေ .. ရက်သတ္တပတ်လွန်မြောက်ချိန်၌ အနောက်တောင်စွယ်တွင် နေလုံးကွယ်သော် .. အဆိပ်ဆေးရည်သောက်သုံး၍ ကွပ်မျက်စီရင်စေ .. ”“ . . . ”
အမိန့်တော်စာချွန်လွှာအား နန်းရင်ပြင်တစ်ခုလုံးကြားနိုင်လောက်သည့် အသံနေအသံထားနှင့် ဖတ်ပြပြီးသည့်နောက် .. အနှီအမှုထမ်းသည် နန်းမြင့်မျှော်စင်ထက်သို့ ဝေ့ဝဲကြည့်လိုက်၏ .. ။
မရှိ .. ။
နန်းမြင့်မျှော်စင်ထက်၌ အသရေတင့်တယ်စွာ စံပယ်နေသော ဧကရာဇ်ရှောင်း .. အမှန်တကယ်ပင်ရှိမနေခြင်း .. ။
အမိန့်တော်စာချွန်လွှာကို ခပ်လေးလေးပြန်လိပ်သိမ်း၍ မှူးမတ်စစ်သည်ဗိုလ်ပါတွေရဲ့အလွန် ချောင်အကျဆုံးသောနေရာသို့ ပြန်ဆင်းလာခဲ့လိုက်သည် .. ။ ထို့အပြင် .. ချမှတ်လာမည့် အမိန့်တော်အတွက် နာခံရန်အသင့်အနေအထားနဲ့ .. နန်းရင်ပြင်ထက် ဒူးထောက်နာယူလျက်ရှိသော ထိုသူ့ထံသို့ အကြည့်မရောက်မိစေရန်လဲ အထူးသတိထားရပါသေးသည် .. ။
ခြေလှမ်းများမှာမူ သိသိသာသာ တုန်ရီနေလျက် .. ။
“ ဧကရာဇ်က ဟိုးအရင်ကတည်းက သိပ်ပြတ်သားတယ် .. လူငယ်လေးက အရဲကိုးပြီး သွေးတိုးစမ်းချင်မှတော့ အခုလိုအဆုံးသတ်မျိုးနဲ့ ရင်ဆိုင်ရတာလဲ မဆန်းတော့ပါဘူး .. ”
“ ဝမ်တိုင်းပြည်ရဲ့ ကယ်တင်ရှင်အဖြစ် သမိုင်းမှာ ကမ္ဗည်းထိုးမတဲ့လား .. ရည်မှန်းချက်ကြီးသလောက် ကြိုးစားအားထုတ်မှုလဲ မြင့်မားခဲ့တယ် .. နောက်ဆုံးမှာတော့ အရာမထင်နိုင်ဘဲ အကုန်လုံးပြိုလဲလို့ သမိုင်းမှာ ပြက်ရယ်ပြုစရာ အသုံးမကျတဲ့လူတစ်ယောက်သာသာ ဖြစ်သွားရတာပဲ မဟုတ်ဘူးလား .. ”
YOU ARE READING
ɪɴᴅɪsᴘᴇɴsᴀʙʟʏ「 ᴏɴ ɢᴏɪɴɢ 」
Fanfictionဆောင်းနှောင်းရာသီတွေ အလီလီကူးပြောင်းခဲ့ပေမယ့် အဲ့ဒီ့နှစ်ရဲ့ဆောင်းကိုတော့ ပြန်မရနိုင်တော့သလိုမျိုး .. ဝမ့်ရဲ့ဘယ်ဘက်ပုခုံးစွန်းထက် ဆီးနှင်းမှုန်တွေ ထူထပ်ပိန်းပိတ်အောင်တင်နေခဲ့လဲ စိတ်ရင်းနဲ့ ဖယ်ရှားပေးမယ့်လက်တစ်...