Unicode
“ ဒီနေ့ညီလာခံ ဒီတင်သိမ်းမယ် .. ”
“ ဘုန်းတော်မြင့်မားလှပါတဲ့ အရှင်ငယ် သက်တော်ရာကျော်ရှည်ပါစေ .. ဝမ်တိုင်းပြည်ရဲ့ ကြီးမြတ်မှု အဓွန့်ရှည်တည်တံ့ပါစေ .. ”
ရာဇပလ္လင်နောက်ကွယ် ပုန်းကွယ်မှီထိုင်နေရင်း အမှတ်မဲ့သာ ပြုံးရယ်မိရသည် .. ။
သူ့အား ရာဇပလ္လင်နောက်တွင် နေရာယူရှိနေစေရင်း အရှင်ငယ်အတွက် အထောက်အပံ့ဖြစ်ပေးရန် တောင်းဆိုသည့် အစ်မတော်နှင့် မယ်ဖုရားတို့၏ စိုးရိမ်ကြီးမှုအတွက် ဖြစ်နိုင်သကဲ့သို့ .. သက်တော်ဆယ်နှစ်အရွယ် အရှင်ငယ်၏ တိုင်းပြည်ရေးရာ နိုင်နင်းစေ့စပ်မှုအပေါ် ချီးကျူးလို၍လည်း ဖြစ်နိုင်သည် .. ။ သို့တည်းမဟုတ် .. လွန်လေပြီးသော ဆယ်စုနှစ်ကာလဆီမှ .. ပုခုံးငယ်ထက် ပြည့်တာဝန်အလုံးစုံ မနိုင်မနင်းထမ်းပိုးထားသည့် သူ့ကိုယ်သူ ပြန်လည်မြင်ယောင်ပြီး ပြက်ရယ်ပြုလို၍လည်း ဖြစ်နိုင်သည်သာ .. ။
မည်သို့ပင်ဖြစ်စေ .. ။
အရာအားလုံးသည်ကား ကုန်လွန်ပြီးဆုံးခဲ့လေပြီ .. ။ရိဖန်းအရှင်ငယ်သည် မည်သူတစ်ဦးတစ်ယောက်၏ အထောက်အပံ့ကိုမှ မလိုအပ်တော့သည့် .. ဝမ်တိုင်းပြည်၏ဦးသျှောင်အဖြစ်သို့ ရောက်ခဲ့လေပြီ .. ။ သူ့အနေဖြင့်လည်း .. ပြည်သိမ်းစစ်ပွဲကြီး မစတင်မီ ကျန်ရှိသော တစ်နှစ်စွန်းစွန်းမျှ အချိန်ကာလအား စိတ်တိုင်းကျအသုံးပြုရန် အခွင့်အခါသို့ တိုင်ခဲ့လေပြီ .. ။
အကြောင်းမဲ့တွန့်ဆုတ်၍ မည်သည်ကိုများ စိုးရိမ်ပူပန်နေရပါဦးမည်နည်း .. ။ ဤကမ္ဘာကြီးမှ မထင်မရှား မြူမှုန်ငယ်လေးတစ်စအဖြစ် ပျောက်ကွယ်မသွားခင် အချိန်အတွင်း .. အရာရာတိုင်းအား ကြိုးစားကြည့်ပိုင်ခွင့် ရှိပါ၏ .. ။ ရှုံးနိမ့်ချိန်တွင် ဝမ်းနည်းငိုကြွေးပြီး အနိုင်ရချိန်၌လည်း စိတ်တိုင်းကျ ရယ်မောခွင့်ရှိပါ၏ .. ။ အမှားသော်လည်းဖြစ်၍ အနိုင်ရသည်လည်း ဖြစ်နိုင်သည် .. ။ အမှန်တရား ဖြစ်ပေသော်ငြား ရှုံးနိမ့်သည့်အခါလည်း ရှိကောင်းရှိနိုင်သည် .. ။ အကျိုးအပြစ် ရလဒ်တိုင်းအပေါ် လက်သင့်ခံနိုင်သည်လည်း ဖြစ်နိုင်သကဲ့သို့ .. တသသစိုးထိတ်နေသည်လည်း ဖြစ်နိုင်သည်သာ .. ။
ESTÁS LEYENDO
ɪɴᴅɪsᴘᴇɴsᴀʙʟʏ「 ᴏɴ ɢᴏɪɴɢ 」
Fanficဆောင်းနှောင်းရာသီတွေ အလီလီကူးပြောင်းခဲ့ပေမယ့် အဲ့ဒီ့နှစ်ရဲ့ဆောင်းကိုတော့ ပြန်မရနိုင်တော့သလိုမျိုး .. ဝမ့်ရဲ့ဘယ်ဘက်ပုခုံးစွန်းထက် ဆီးနှင်းမှုန်တွေ ထူထပ်ပိန်းပိတ်အောင်တင်နေခဲ့လဲ စိတ်ရင်းနဲ့ ဖယ်ရှားပေးမယ့်လက်တစ်...