Unicode
သလွန်ညောင်စောင်းထက် ခြေပစ်လက်ပစ် အိပ်မောကျနေသူလေးဆီ မချင့်မရဲငေးကြည့်ရင်း .. ခေါင်းသာ ဖြည်းလေးစွာ ခါယမ်းမိရသည် .. ။
သူ့အမိန့်ကို နာခံရိုကျိုးလွန်းသော ကလေးငယ်သည် စက်တော်ခေါ်ရာနန်းဆောင်အတွင်း သူ့ထက်အရင် ရောက်အောင်လာတတ်သလို .. ကိုယ့်စကားကိုယ် တည်စေခြင်းငှာလဲ မနက်ခင်း ညီလာခံမစမီ စောလျင်စွာ အိပ်ရာထရှာပြန်၏ .. ။ ဆိုတဲ့တိုင် .. မနက်ခင်းတွေတိုင်းမှာ ပိတ်ကျလုလုမျက်ပေတုံးလေးဟာ မျက်ခွံမို့မို့တွေအောက် ပုန်းအောင်းနေတတ်ပြီး .. ညအချိန်တွေ ဆိုရင်ဖြင့်လဲ ယခုအတိုင်း သူ့ထက်အလျင်ဦးစွာ အိပ်မောကျနှင့်နေတတ်သည်သာ .. ။
“ အရှင် ..
ချိုးတော်ရေသုံးသပ်ဖို့ရာ အခါလင့်လှပါပြီ .. ”“ ကောင်းပြီလေ ..
ဒါဖြင့်လဲ သွားကြပါစို့ရဲ့ .. ”အထိန်းတော်ကြီး သတိပေးလာတော့မှ .. အမောင့်အား တစိုက်မတ်မတ် ငေးမောနေမိခြင်းမှ အကြည့်တို့ကို ပြန်လည်ရုတ်သိမ်းရသည် .. ။
နောက် .. ရေချိုးဆောင်ရှိရာ ကြွမြန်းခဲ့ပါတော့သည် .. ။
_
🌨️
ဆေးဆရာယွီ အထူးတလည်ဖော်စပ်ပေးခဲ့သော ဆေးရည်နှင့် အမွှေးနံ့သာအဆီအနှစ်တို့ ရောစပ်ထားသော ချိုးတော်ရေသည် .. သစ်သားစည်ပိုင်းအတွင်း ထုံအီသင်းပျံ့နေခဲ့ပါ၏ .. ။
ဝတ်ရုံတော်တွေ တစ်လွှာချင်းစီ ဖယ်ရှားပြီးတဲ့နောက် .. စည်ပိုင်းအတွင်းဆီ ဖြည်းညင်းစွာဝင်ထိုင်၍ မျက်ဝန်းအစုံကိုလဲ အနားပေးမှေးမှိတ်ရာ၏ .. ။ ဆောင်းဦးကာလရဲ့ နှင်းမှုန်စတို့ထက် သာလွန်ဖွေးဆွတ်နေခဲ့သာ ဆံနွယ်တို့ဟာလဲ ပြေလျော့ကျ၍ .. အကျည်းတန်ကျောပြင်ငယ်ထက် ဖုံးလွှမ်းသွသွားရာ၏ .. ။
“ သူတို့ ကိုယ်တော့်ကို ပုန်ကန်ဖို့ရာပြင်ဆင်နေကြတယ် .. ”
မှေးမှိတ်ထားသောမျက်ဝန်းတို့ကို ပြန်လည်ဖွင့်လှစ်ခြင်းမရှိသေးဘဲ အရှင်ငယ်က တိုးတိမ်ဖျော့တော့စွာ ဆိုလာခဲ့သည် .. ။
VOUS LISEZ
ɪɴᴅɪsᴘᴇɴsᴀʙʟʏ「 ᴏɴ ɢᴏɪɴɢ 」
Fanfictionဆောင်းနှောင်းရာသီတွေ အလီလီကူးပြောင်းခဲ့ပေမယ့် အဲ့ဒီ့နှစ်ရဲ့ဆောင်းကိုတော့ ပြန်မရနိုင်တော့သလိုမျိုး .. ဝမ့်ရဲ့ဘယ်ဘက်ပုခုံးစွန်းထက် ဆီးနှင်းမှုန်တွေ ထူထပ်ပိန်းပိတ်အောင်တင်နေခဲ့လဲ စိတ်ရင်းနဲ့ ဖယ်ရှားပေးမယ့်လက်တစ်...