Unicode
ရှောင်းတိုင်းပြည်သို့ ရောက်ရှိချိန်ကတည်းကစတင်၍ ယနေ့မတိုင်ခင်အထိ .. ရင်းနီးလှစွာသော သွေးသောက်ညီနောင်တို့ ဖြစ်ခဲ့ဖူးပါ၏ .. ။ အကြင်သူတို့သည် သူ့အတွက် စိုးရိမ်ပေးခဲ့ကြသလို သူကလဲ အကြင်သူတို့အတွက် သောကဝေခဲ့ဖူးပါ၏ .. ။
ယခုအချိန်တွင်တော့ .. သူ့ရဲ့ လက်ဆွဲတော်ဓါးရှည်အောက်ဆီ အကြင်သူတို့၏ဦးခေါင်းငယ်တို့ လွင့်စင်ပြတ်တောက်ခဲ့ရချေပြီ .. ။ ဖြူဖွေးလှစွာသော နှင်းလွှာထုထက် .. ဓါးသွားတစ်လျှောက်မှတဆင့် ဓါးဦးဆီ စီးသွားကြကုန်သော သွေးစေးနီနီတို့ဟာ တတောက်တောက်ဖြင့် .. ။
“ ကျွန်ုပ် ဝမ်ကျိုးချန်သည် ဝမ်တိုင်းပြည်အား သစ္စာဖောက်ဖျက်၍ ဒဏ္ဍာရီလာရှောင်းတိုင်းပြည်အား သစ္စာခံလေပြီ .. ရှောင်းဧကရာဇ် ပေးအပ်လာသော အမိန့်တော်အောက်တွင် ဝမ်တိုင်းပြည်အားလဲ ပျက်စီးစေ၍ ဝမ်မျိုးရိုးအားလဲ သုတ်သင်စီရင်လိမ့်မည် .. ငြင်းပယ်ခြင်းဟူသည် နတ္ထိ .. အသက်ကိုပင် နှင်းအပ်ထားခဲ့ပါ၏ .. အနောက်လေနှင့်တကွ အိမ်အပြန်လမ်းဆီ လိုက်ပါသွား၍ အသင်တို့ သတင်းစကားပါးကြပေကုန်တော့ .. ”
အမှာစကားသံတို့မှာ .. တုန်ရီသော်လဲ ပြတ်သားပေ၏ .. ။ ထိုမျှမက လုပ်ရပ်အားဖြင့်လဲ သက်သေပြခဲ့ပြီးပြီ မဟုတ်ပါလော .. ။
ကုန်သွယ်သင်္ဘောတွေထက် သာလွန်လျင်မြန်သော စာပို့ငှက် .. ။
ခြေရင်းဆီမှ စီရရီဦးခေါင်းတို့အား တစ်ချက်မျှငုံ့ကြည့်ပြီး .. နောက်ဆုံးအနေဖြင့် ခါးအထိကိုင်းညွတ်၍ ဦးညွှတ်အရိုအသေပေးလိုက်သည် .. ။ သွေးစေးတို့ စွန်းထင်းလျက်ရှိသော ဓါးရှည်ကိုမူ လက်ကိုင်ရိုးနစ်မြုပ်သည်အထိ နှင်းလွှာထုထဲ တစ်ချက်တည်း စိုက်ချလိုက်ပါ၏ .. ။
နောက် .. လက်ဗလာဖြင့် ခြေလှမ်းကျယ်တို့အား ဆန့်ကျင်ဘက်အရပ်ဆီ ဦးတည်လျှောက်လှမ်းသည် .. ။
ရှောင်းဧကရာဇ် ချမှတ်လေသော အမိန့်တော်အတိုင်း .. အနှီစာပို့ငှက်ငယ်တို့ ဝမ်ရယ့်ထံ သတင်းစကား ပါးပေးနိုင်ကြပါစေကုန်သတည်း .. ။
ESTÁS LEYENDO
ɪɴᴅɪsᴘᴇɴsᴀʙʟʏ「 ᴏɴ ɢᴏɪɴɢ 」
Fanficဆောင်းနှောင်းရာသီတွေ အလီလီကူးပြောင်းခဲ့ပေမယ့် အဲ့ဒီ့နှစ်ရဲ့ဆောင်းကိုတော့ ပြန်မရနိုင်တော့သလိုမျိုး .. ဝမ့်ရဲ့ဘယ်ဘက်ပုခုံးစွန်းထက် ဆီးနှင်းမှုန်တွေ ထူထပ်ပိန်းပိတ်အောင်တင်နေခဲ့လဲ စိတ်ရင်းနဲ့ ဖယ်ရှားပေးမယ့်လက်တစ်...