Unicode
“ ငယ်ကျွန် .. ငယ်ကျွန် ဒီမှာကြည့် ..
ငါ ဝမ်ရိပေါ်ဟာ အရွယ်ရောက်ပြီးသူတစ်ယောက် .. ဟိဟိ .. ”အတင်းကာရော လှမ်းခေါ်နေ၍ လှည့်ကြည့်မိသော် .. ခြေဖျားမြင့်မြင့်ထောက် ခေါင်းကိုမော့ ရင်ကိုကော့၍ ခပ်ချီချီမျက်နှာပေးဖြင့် ဆိုလာသူကို မျက်နှာချင်းဆိုင်လိုက်ရ၏ .. ။
အလိုမကျစွာ မျက်မှောင်ကြုံ့ရင်းသာ မှတ်ချက်ပြုမိရသည် .. ။
“ အရွယ်ရောက်ပြီးသူ ဘယ်သူကမှ သူ့ကိုယ်သူ အရွယ်ရောက်ပြီးသူဖြစ်ကြောင်း ကြွေးကြော်မနေပါဘူး သခင်လေးဝမ် .. တဟိဟိ အသံထွက်တဲ့အထိလဲ အိန္ဒြေမဲ့ ပြုံးရယ်ခြင်းအမှုကို မပြုမူပါဘူး .. ”
“ ဟမ့် .. ဒါဖြင့် အရွယ်ရောက်ပြီးသူတိုင်းက ငယ်ကျွန့်လိုမျိုး ဒေါသထွက်နေတဲ့ မျက်နှာထားတင်းတင်းနဲ့ ကျောက်ရုပ်ကြီးလို နေကြတာလား .. မဟုတ်ရင်လည်း ဟိုစကားများတဲ့ မျောက်အိုအမတ်ကြီးတွေလို နေရမှာလား .. ”
“ သခင်လေးဝမ် နှုတ်ထွက်စကားကို ဂရုစိုက် ဆင်ခြင်သင့်ကြောင်းပါ .. ”
“ တော်ပါပြီ ..
ဒီလိုသာဆို အကျွန်က အရွယ်လဲ မရောက်ချင်တော့ပါဘူး .. ”“ ... ”
ပန်းမာလာငုံတို့ ဖူးပွင့်ခြင်းငှာ မစွမ်းနိုင်သော်ငြား ရွက်ကြွေတို့ကဖြင့် လေတစ်ချက်ဝှေ့လေတိုင်း မြေပြင်ထက် တသောသော ဆင်းသက်လေသည်သာ .. ။
ဤသို့ဖြင့် .. နှစ်ရှည်ပန်းပင်ကြီးအောက် ပုံဟန်အမျိုးမျိုး တုပသရုပ်ဆောင်ပြနေသူရဲ့ ခန္ဓာငယ်ထက်လဲ ရွက်ကြွေစတို့ ကပ်တွယ်ခိုနားကြလေရာ .. သခင်လေးဝမ်သည် ပန်းမာလာတို့၏ နတ်မင်းအရှင်သခင်အလား တင့်တယ်လှပနေခဲ့ပါတော့၏ .. ။
တင့်တယ် လှပ .. ။
အမှန်တွင်မူ တင့်တယ်ခန့်ညားဟု သုံးနှုန်းသင့်သည်သာ .. ။ သို့တိုင် .. ကျွန်တော်မျိုး၏ သခင်လေးဝမ်သည် မာန်မာနဖြင့် ဝံ့ထည်ခန့်ညားရမည့်အစား မွေးကင်းစ ကလေးသူငယ်လေးပမာ နုနယ်ဖြူစင်စွာ ချစ်စဖွယ် လှပနေခဲ့ပါ၏ .. ။
YOU ARE READING
ɪɴᴅɪsᴘᴇɴsᴀʙʟʏ「 ᴏɴ ɢᴏɪɴɢ 」
Fanfictionဆောင်းနှောင်းရာသီတွေ အလီလီကူးပြောင်းခဲ့ပေမယ့် အဲ့ဒီ့နှစ်ရဲ့ဆောင်းကိုတော့ ပြန်မရနိုင်တော့သလိုမျိုး .. ဝမ့်ရဲ့ဘယ်ဘက်ပုခုံးစွန်းထက် ဆီးနှင်းမှုန်တွေ ထူထပ်ပိန်းပိတ်အောင်တင်နေခဲ့လဲ စိတ်ရင်းနဲ့ ဖယ်ရှားပေးမယ့်လက်တစ်...