Zawgyi
“ ဧကရာဇ်အရှင် .. စိတ်ထိန်းတော်မူပါဦး .. ”
“ စိတ်ထိန်းရမယ် .. ကိုယ်တော်က စိတ်ထိန်းရမယ် .. ဟုတ်စ .. ”
“ ဒီငယ်သားကို ဗွေမယူပါနဲ့အရှင် .. မဖြစ်သင့်ကြောင်းတွေမို့ အရဲကိုး တင်လျှောက်ပါရစေ .. ”
“ အထိန်းတော်ကြီးရဲ့ .. မောင်မင်းမှာလေ ဦးခေါင်းနှစ်လုံးများ ပါနေသလား .. မောင်မင်းဖြစ်နေလို့ဆိုပြီး ကိုယ်တော်က သက်ညှာပေးလိမ့်မယ်များ အထင်ရောက်လေသလား .. ဖြစ်သင့်ကြောင်း မဖြစ်သင့်ကြောင်း စည်းမျဉ်းဘောင်တွေကရော ကိုယ်တော့်ကို ထိန်းချုပ်ကန့်သတ်နိုင်မယ်လို့ ယုံကြည်ချက်ရှိသလား .. ”
“ ... ”
ရွှေနန်းဆောင်အတွင်း သက်တော်ရှည် မှူးကြီးမတ်ရာတွေတင်မက လက်အောက်ငယ်သားတွေအကုန်လုံးပါ ကျိုးနွံစွာ ဒူးထောက်ကုန်ကြသည် .. ။ ထိုမျှနှင့် မလုံလောက်နိုင်သေးကြောင်း ယူဆမိဟန်နှင့် ခန္ဓာကိုယ်ကိုဝါးလျားမှောက်၍လည်း လျှောက်လမ်းထက်ဆီ နဖူးဖြင့် ထိတိုက်ဝပ်တွားကြပြန်သည် .. ။
မေးဖျားကို ပင့်မော့ထားရင်း ရှောင်းဧကရာဇ်ကတော့ဖြင့် .. နဘေးနားဆီက အထိန်းတော်ကြီးကိုသာ စေ့စေ့စိုက်ကြည့်နေခဲ့ပါသည် .. ။
“ ဟင် .. ကိုယ်တော့်ကို အဖြေရှိစမ်းပါဦး .. ”
“ သည်းခံတော်မူပါဘုရား .. ဒီအထိန်းတော်အိုကြီးက အရှင့်အကျိုးအတွက် ရည်မျှော်မှန်းကြောင်းပါ .. ”
ဟွန့်ခနဲ မပီမသအသံပြု၍ နဂါးဝတ်ရုံတော်လက်နားစကို စိတ်မရှည်သလို ခါထုတ်သည် .. ။ ပါးလျလျ ခန္ဓာကိုယ်ငယ်ကို တစ်ပတ်လှည့်၍လဲ ရာဇပလ္လင်ထက် ထိုင်ချတော်မူသည် .. ။
နှင်းမှုန်စတို့ထက်သာလွန်၍ ဖွေးဆွတ်နေခဲ့သော ဆံစတို့ကမူ ပုခုံးပြင်ငယ်ထက် လျှောကျသက်ဆင်းလျက် .. ။
YOU ARE READING
ɪɴᴅɪsᴘᴇɴsᴀʙʟʏ「 ᴏɴ ɢᴏɪɴɢ 」
Fanfictionဆောင်းနှောင်းရာသီတွေ အလီလီကူးပြောင်းခဲ့ပေမယ့် အဲ့ဒီ့နှစ်ရဲ့ဆောင်းကိုတော့ ပြန်မရနိုင်တော့သလိုမျိုး .. ဝမ့်ရဲ့ဘယ်ဘက်ပုခုံးစွန်းထက် ဆီးနှင်းမှုန်တွေ ထူထပ်ပိန်းပိတ်အောင်တင်နေခဲ့လဲ စိတ်ရင်းနဲ့ ဖယ်ရှားပေးမယ့်လက်တစ်...