Zawgyi
“ မင်းကိုယ်မင်းဂရုစိုက်ဖို့ ဘယ်နှစ်ခါပြောနေရဦးမလဲ .. ငါက ဝမ်မဟုတ်ဘူး ကျန့် .. အသေးစိတ်တွေအထိ လိုက်ပြီးစိတ်ရှည်မနေနိုင်ဘူး .. ”
“ ဆက်ပြောနေဦးမယ်ဆို ကိုယ်တော် မင်းကိုလျှာဖြတ်ပစ်ရလိမ့်မယ် .. ”
နူးညံ့ချောမွတ်တဲ့ မျက်နှာတော်ထက် ခန့်ညားတင့်တယ်စွာတည်ရှိနေပါသော အနှီပါးလှပ်လှပ်နှုတ်ခမ်းပါးငယ်က .. ဤသို့လဲ ခြိမ်းခြောက်စကားဆိုတတ်ပါသေး၏ .. ။
နောက် .. မေးဖျားကို ပင့်မြှောက်ပြီး လည်တိုင်ကြော့ကို ဆန့်တန်းလိုက်ရင်း .. လျော့ရဲချင်နေသည့် ဝတ်ရုံတော်ကို ပြင်ဆင်ပေးစေသည် .. ။
“ ဒီစကားတွေ ငါ့အပေါ် သက်ရောက်မယ်ထင်သလား .. ”
“ မောင်မင်းက ကိုယ်တော့်ကို မေးခွန်းပြန်ထုတ်ဝံ့တယ်ပေါ့ .. ”
“ ရေမြေ့အရှင်ဆိုတာနဲ့ပဲ ငါ့ဘိုးဘေးတွေထက် လေးစားကြောက်ရွံ့နေရတော့မလား .. လုံးဝကျန်းမာရေးပြန်ကောင်းသွားတာနဲ့ မှတ်လောက်အောင်ကို ဆူရဦးမယ် .. ”
“ ဟုတ်ပါပြီ .. ကိုယ်တော် ကြောက်ပါတယ် .. ”
“ ... ”
သွေးအေးရက်စက်မှုအပေါင်း ကိန်းအောင်းနေပါတဲ့ ဇာမဏီမျက်ဝန်းအစုံနဲ့ စိုက်ကြည့်ပြီး .. အပြုံးအရယ်မရှိ ပကတိနှုတ်ခမ်းပါးတွေနဲ့ဆိုလာတဲ့ အရွှန်းဖောက်စကားမို့ လုံးဝမှ ရယ်ချင်စရာကောင်းမနေခဲ့ .. ။
အတွင်းဝတ်ရုံနားစကို လည်တိုင်ရင်းဆီ သေချာတင်းတင်းဆွဲတင်ပြီး .. အပေါ်ဝတ်ရုံ အထပ်ထပ်ကိုတော့ အတွင်းဝတ်ရုံအထက် ဂရုတစိုက် ဝတ်ဆင်ပေးရသည် .. ။ အကုန်ပြီးတော့မှ .. အပေါ်ဆုံးနဂါးဝတ်ရုံလွှာကို လွှားခြုံပေးပြီး မျက်လုံးလှန်ပြလိုက်သည် .. ။
“ ကိုယ်အမူအရာအားဖြင့် မရိုင်းပျစေနဲ့ .. ဘယ်လောက်ပဲ ရင်းနီးကျွမ်းဝင်တဲ့သူဖြစ်နေပါစေ .. ကိုယ်တော်က .. ”
VOUS LISEZ
ɪɴᴅɪsᴘᴇɴsᴀʙʟʏ「 ᴏɴ ɢᴏɪɴɢ 」
Fanfictionဆောင်းနှောင်းရာသီတွေ အလီလီကူးပြောင်းခဲ့ပေမယ့် အဲ့ဒီ့နှစ်ရဲ့ဆောင်းကိုတော့ ပြန်မရနိုင်တော့သလိုမျိုး .. ဝမ့်ရဲ့ဘယ်ဘက်ပုခုံးစွန်းထက် ဆီးနှင်းမှုန်တွေ ထူထပ်ပိန်းပိတ်အောင်တင်နေခဲ့လဲ စိတ်ရင်းနဲ့ ဖယ်ရှားပေးမယ့်လက်တစ်...