Ep_4 ​ရှောင်းဧကရာဇ်​ငယ်​「ရှောင်းဧကရာဇ်ငယ်」

350 43 0
                                    

Zawgyi

“ မနက်​မိုး​သောက်​တာနဲ့ ​ရှောင်းတိုင်းပြည်​ဟာ ဒဏ္ဍာရီထဲကနိုးထမယ်​ .. အနီးအနားဝန်းကျင်​တစ်​ခွင်​ ပြည်​သိမ်းစစ်​ပွဲ ဆင်​နွှဲမယ်​ .. စစ်​သည်​​တို့ နိုးထကြကုန်​​လော့ .. စစ်​ပွဲအတွက်​ ပြင်​ကြကုန်​​လော့ .. ”

ရှောင်းတိုင်းပြည်​ရဲ့ ​ဆောင်း​နှောင်းရာသီက ရက်စက်ြ​​ကမ်းတမ်းတဲ့နှင်းမှုန်​တိုင်း​တွေနှင့်​ ပြည့်​​နေခဲ့သည်​ပင်​ .. ။ နန်း​ဆောင်​အမိုးထက်​ဆီ နှင်းခဲတို့ဟာ တင်​ကျန်​ရစ်​လို့ .. ​မြေပြင်​ဟာလဲ ကျစ်​လစ်​ခိုင်​ကျဉ်​ခဲ့ပြီဖြစ်​သည့်​ နှင်းလွှာထု​အောက်​ ဝင်​​ရောက်​​ပျောက်​ကွယ်​လို့ .. ။ သစ်​ပင်​ကြီးငယ်​တို့ရဲ့ အခတ်​အလက်​​တွေတိုင်းမှာ နှင်းမှုန်​စ​တွေ ဖုံးအုပ်​ကာရံလို့ .. အဖျားအနားမှာလဲ နှင်းခဲ​တွေ ခိုသီး​နေရှာသည်​ .. ။

မယ်​ဖုရားက​တော့ဖြင့်​ ဆီးနှင်းမှုန်​​တွေကြား  ပြည်​သိမ်းစစ်​ပွဲအတွက်​ တက်​ကြွပြင်​ဆင်​​နေသည့်​စစ်​သည်​တို့ အားမာန်​တက်​​စေဖို့အ​ရေး .. လက်​ဆွဲ​တော်​ဓားကိုဝင့်​ကာဝင့်​ကာဖြင့်​ ကိုယ်​တိုင်​ကိုယ်​ကျပါဝင်​အား​ပေးလို့​နေသည်​ .. ။ မနက်​အာရုဏ်​တက်​သည်​နှင့်​ စစ်​မျက်​နှာပြင်​ဖွင့်​ရန်​ မ​စောင့်​စားနိုင်​​တော့သလိုမျိုး .. မယ်ဖုရားနေ​ဘး ဝန်းရံေ​​နကြရင်း ​စစ်​သည်​တို့ကလဲ မာန်​သွင်းဟစ်​​အော်​​နေကြသည်​ .. ။

ဒီရာသီ ဒီအချိန်​ကာလမှာ ​စစ်ပွဲအတွက်​​ပြင်​ဆင်​ဖို့ရာ ခဲခက်​လှ​​သော်​ငြား .. ​ရှောင်းစစ်​သည်​​တော်​တို့ရဲ့ ယုံကြည်​မှုက ပြင်းထန်​လွန်​ကဲလှသည်​ .. ။ ယန္တရားအတတ်​ထွန်းကားပါသည့်​ ​ရှောင်းတိုင်းပြည်​သည်​ ဆင်​နွှဲ​လေသမျှပြည်​သိမ်းစစ်​ပွဲတိုင်းတွင်​ ချွင်းချက်​မရှိ ​အောင်​မြင်​လိမ့်​မည်​ဟု .. ။

မိုးထိ​အောင်​မြင့်​မားလွန်းလှသည့်​ တပင်​တိုင်​နန်း​ဆောင်​အတွင်းမှ​နေ၍ မယ်​ဖုရားနှင့်​ စစ်​သည်​​တော်​တို့အား မမှိတ်​မသုတ်​​စိုက်​ကြည့်​​နေခဲ့​သော တစ်​စုံတစ်​​ယောက်​ကလဲ ရှိ​နေခဲ့သည်​ပင်​ .. ။

ɪɴᴅɪsᴘᴇɴsᴀʙʟʏ「 ᴏɴ ɢᴏɪɴɢ 」Onde histórias criam vida. Descubra agora