Ep_8 အမောင်「အေမာင္」

228 33 11
                                    


Unicode









“ အစ်ကိုငယ် ..
အစ်ကိုငယ်နဲ့အတူ ချိုးလို့မရဘူးလား .. ”

“ ရှောင်ဝမ်ရယ် ..
နှုတ်ထွက်စကားကို ဆင်ခြင်ပါ .. ”

“ ဟင့်အင်း .. မရဘူး ..
အစ်ကိုငယ်နဲ့ အတူတူမှမဟုတ်ရင် ရေလဲချိုးချင်ဘူး .. ”

“ ရှောင်ဝမ်ရယ် ..
ရေချိုးဆောင်ဝင်ဖို့ အခါလင့်လှပါပြီ .. သည်းခံတော်မူပါတော့ .. ”

ကလေးငယ်က သိပ်လဲဆိုးလွန်းလှပါ၏ .. ။

ဝမ်တိုင်းပြည်ရဲ့ကြမ္မာနဲ့ အလဲအထပ်ပြုထားရတဲ့ လူစားထိုးထားခြင်း လျှို့ဝှက်ချက်ကို ချက်ချင်းမဆိုင်းဖွင့်ဟသည့်အပြင် .. ရှောင်းဧကရာဇ်အပေါ်တွင်လဲ လေးစားမှုမရှိ အပြုအမူ ရဲတင်းလွန်းပြန်သည် .. ။ ဧကရာဇ်မျက်မာန်ရှ၍ အမိန့်တော်ချမှတ်လေလျှင် ဝမ်တိုင်းပြည်ဟာ လုံးဝပြိုပျက်ရပေတော့မည် .. ။ ကလေးငယ်၏ အလိုက်မသိစွာ ဆိုးနွဲ့ခြင်းသည် သင်ပြမနိုင်အောင် ခဲခက်လွန်းလှပါ၏ .. ။

အရှင့်မှာကြားချက်သာ ရှိမနေခဲ့ရင် သူ့အနေနဲ့ တစ်စစီတစ်စစီအထိ ဖျက်ဆီးစီရင်ပစ်ချင်မိတဲ့အထိ စိတ်ဆိုးရပါသည် .. ။

“ အစ်ကိုငယ် .. အစ်ကိုငယ် ကူပြောပေးလှည့် .. အစ်ကိုငယ် ကျွန်တော်မျိုးကို ကူပြောပေးလှည့် .. ”

“ .. ရှောင်ဝမ်ရယ် ”

“ မောင်မင်း ..
လေသံမမာပါနဲ့ .. ”

ရှောင်းဧကရာဇ်ရဲ့ ဝတ်ရုံတော်အောက်နားစကို ဆွဲခါလှုပ်ရမ်းရင်း ကလေးငယ်က ငိုမဲ့မဲ့ရယ် .. ။

ဒေါသကို မနည်းထိန်းချုပ်ရင်း ခပ်ကြိတ်ကြိတ်ဟန့်တားမိတော့ ရှောင်းဧကရာဇ်ရဲ့ လက်ဆွဲတော်ဓါးသွားက သူ့လည်တိုင်ထက် ခြေချသက်ဆင်းလေသည် .. ။

“ ခွင့်လွှတ်ပေးတော်မူပါ ရှောင်းဧကရာဇ် .. ”

“ ကိုယ်တော်က ခွင့်မလွှတ်တတ်ဘူး မောင်မင်းရဲ့ .. အပြစ်ပေးခြင်းတစ်ခုကလွဲရင် ကျန်တဲ့ကိစ္စတွေ သိပ်ပြီးမသင်ယူခဲ့ရတာမို့ မောင်မင်းကပဲ နားလည်ပေးပါဦး .. ”

“ ရှောင်းဧကရာဇ် ပေးလာမယ့်အပြစ်ဒဏ်ကို ခံယူဖို့ အသင့်ရှိကြောင်းပါ .. ”

ɪɴᴅɪsᴘᴇɴsᴀʙʟʏ「 ᴏɴ ɢᴏɪɴɢ 」Opowieści tętniące życiem. Odkryj je teraz