Ep_13 ဆောင်းမက်မွန်တစ်လုံး「 ေဆာင္းမက္မြန္တစ္လုံး 」

163 27 49
                                    


Unicode


“ ဒါ .. ကောင်ကောင်ကိုက်ထားတာမဟုတ်ဘူးပဲ .. ”

“ ခုတော့ သိသွားပြီဟုတ် .. ”

“ အင်း .. သိသွား .. . အာအာ .. အရှင်နိုးသွားပြီ .. အကျွန့်ကြောင့် အရှင် အိပ်ရာနိုးသွားရပြီ .. ”

လည်တိုင်ထက်ဆီက တောက်လဲ့နေတဲ့ နီစွေးစွေးအမှတ်အသားငယ်ထက် လက်ချောင်းဖောင်းဖောင်းလေးတွေနဲ့ အသာထိတွေ့ရင်း .. မျက်မှောင်အသာကြုတ်၍ တစ်ကိုယ်တည်း ရေရွတ်နေသော အမောင်ပါပေ .. ။

သူ့ရဲ့ ရုတ်တရက်ဆန်လွန်းတဲ့အဖြေစကားမှာတော့ လက်ချောင်းငယ်တွေ ကပျာကယာပြန်ရုတ်သလို .. နောက်ဘက်ဆီ ‌လေးငါးလှမ်းစာမျှအထိ ဆုတ်သွားပြီးလဲ စိတ်မသက်မသာ ညည်းညူရှာပါ၏ .. ။


“ ကိုယ်တော် အိပ်ရာနိုးနေတာဖြင့် ကြာကြာလှပြီ .. အမောင့်ကြောင့်မဟုတ်တာမို့ မစိုးရိမ်နဲ့တော့ .. ”

“ ဒါဖြင့် .. အရှင် ကြားသွား‌သေးလား .. ”

“ မကြားသိစေချင်ရင် အစကတည်းက ထုတ်မပြောရဘူးလေ အမောင်ရယ် .. ကိုယ်တိုင် မဆင်ခြင်နိုင်ဘဲ ထုတ်ပြောမိပြီးမှ ကြောင့်ကြနေမယ်ဆိုရင် အမောင်ဟာ လူမိုက်ကလေးဖြစ်သွားတော့မှာပေါ့ .. ”

“ အကျွန်က လူမိုက်ကလေး မဖြစ်ချင်ပါဘူး .. လူမိုက်က‌လေး ကြီးလာရင် လူမိုက်ကြီးဖြစ်သွားမှာ အရှင်ရဲ့ .. လူမိုက်ကြီးဆို အရှင့်ဘေးနား အတူရှိနေလို့ ဘယ်ရတော့မလဲ .. အကျွန်က စိုးရွံ့လိုက်တာမှ .. ”


လက်ညှိုးလက်မရဲ့ လက်သည်းထိပ်ဖျားနှစ်ခုကို အချင်းချင်းကုတ်ဖဲ့နေရင်း အမောင့်ပုံဟန်က တကယ်တမ်းလဲ စိုးရိမ်ထိတ်လန့်ဟန်ဖြင့် .. ။

ကြည်ကြည်စင်စင် အရည်လဲ့နေသော မျက်ပေတုံးလေးမှာလဲ ပြူးကျယ်ဝိုင်းစက်ရင်း .. ကော့ညွတ်နေပါသော မျက်တောင်ရှည်တို့ကတော့ဖြင့် စိတ်လှုပ်ရှားစွာ တဖျတ်ဖျတ်ခတ်လေ၏ .. ။


“ အမောင်ကတော့ တယ်လဲအစိုးရိမ်ကြီးလိုက်သမှကွယ် .. ”

ɪɴᴅɪsᴘᴇɴsᴀʙʟʏ「 ᴏɴ ɢᴏɪɴɢ 」Where stories live. Discover now