Ep_10 ပန်းပွင့်လွှာတို့ထက် သာလွန်လှပသောအရှင် ..

207 30 19
                                    

Unicode

Ep_10  ပန်းပွင့်လွှာတို့ထက် သာလွန်လှပသောအရှင် ..


“ ဒီမနက် ညီလာခံကို ဖျက်သိမ်းမှာမဟုတ်ဘူးလား .. ”

ပညာရေးအမတ်မင်းကျောင်ယွီ့ရဲ့ မေးခွန်းမကျတကျ ထင်မြင်ချက်ကို .. ကုန်သွယ်ရေးရာအမတ်ကြီး လင်းဟုန်က ငြင်းပယ်လိုဟန် ခေါင်းခါယမ်းသည် .. ။

“ အမတ်မင်းရယ် ..
ဒီ‌လိုရိုးရိုးစင်းစင်းအတွေးအခေါ်နဲ့ ပညာရေးကဏ္ဍကို ဘယ်လိုများ တာဝန်ယူနေပါလိမ့်ပဲ .. တိုင်းပြည်ရဲ့ အနာဂတ်ရတနာ ရင်သွေးငယ်တွေအတွက် ရင်လေးမိပါရဲ့ .. ”

ဘဏ္ဍာရေးရာအမတ်ကြီး ကျင်းရုန်ကတော့ နှစ်ယောက်လုံးရဲ့အပြောကို ငြင်းပယ်လိုဟန် .. သက်ပြင်းတချချဖြင့်သာ .. ။

“ ကျုပ်ကတော့ ကျုပ်အတွက်ပဲ ကျုပ်ရင်လေးတယ် .. ခင်ဗျားတို့လဲ အခုချိန် ခင်ဗျားတို့အတွက်ပဲ ရင်လေးသင့်တဲ့အချိန်မှန်း သိကြဖို့ကောင်းတယ် .. ”

“ ကျုပ်လဲ ကျင်းအမတ်ရဲ့အပြောကို ထောက်ခံတယ် .. ဧကရာဇ်ငယ်ဟာ ဘယ်တုန်းကများ ညီလာခံနောက်ကျဖူးတာမှတ်လို့ .. အပြစ်တွေစီတန်းတင်ရစ်ဖို့ လိုက်လံရှာဖွေနေလို့သာမဟုတ်ရင် ကံကောင်းလှရောပေါ့ .. မဟုတ်ရင် ခေါင်းတွေချည်း တန်းစီအဖြတ်ခံရဖို့ အသင့်ပြင်ထားကြရတော့မယ် .. ”


အမတ်မင်းကွမ်းလီကတော့ ချက်ချင်းကို ရှေ့ဆီ ခြေတစ်လှမ်းတိုး၍ ထောက်ခံသမှုပြုသည် .. ။ ထိုမျှမက ပိုပိုသာသာသော ထင်မြင်ချက်တို့ကိုလဲ ဖြည့်စွက်ပြန်သေး၏ .. ။

ဤကဲ့သို့ဆိုပြီး .. ကျင်းအမတ်ရဲ့အပြောမှာ လုံးဝနီးစပ်နေ၍တော့လဲ မဟုတ် .. ။ ဟုတ်ချင်းဟုတ်လျှင် .. မကြာသေးခင်က ထိမ်းမြားထားသော သမီးငယ်ကလေး ကျင်းအိမ်တော်ရဲ့ ယောက္ခမကြီးထံ မျက်နှာကောင်းရစေရေး ဖခင်တစ်ယောက်ရဲ့ မျက်နှာလိုမျက်နှာရ ကြိုးပမ်းမှုသာ ဖြစ်လိမ့်မည် .. ။ ညီလာခံတက်ရောက်လာကြသော မှူးမတ်အပေါင်းတို့ မသိမသာနှာခေါင်းရှုံ့၍ .. တချို့မှာလဲ သိသိသာသာပင် ချောင်းဟန့် ချွဲသလိပ်ခတ်ကြလေ၏ .. ။

ɪɴᴅɪsᴘᴇɴsᴀʙʟʏ「 ᴏɴ ɢᴏɪɴɢ 」Where stories live. Discover now