Ep_22 မျက်ရှုသက်ညှာငယ် ..「 မ်က္ရႈသက္ညႇာငယ္ .. 」

212 20 22
                                    

Unicode


“ သွားချေတော့ ငယ်ကျွန် ..
အရှင်နဲ့အတူရှိနေမှာမို့ ဘာကိုမှ မစိုးရိမ်လင့်နဲ့တော့ .. ”

“ ဒါဖြင့် ကျွန်တော်မျိုး ဟိုးအဝေးကနေပဲ .. ”

သခင်လေးဝမ်၏ နှင်ထုတ်ခြင်းအတွက် အထွန့်တက်ခြင်းတွင် .. ရှောင်းအရှင်က လက်ကာပြလာသည် .. ။

“ နေပါစေကွယ် .. မောင်မင်းလည်း ပင်ပန်းရောပေါ့ .. လွတ်လွတ်လပ်လပ်သာ အနားယူချေ .. အမောင့်ကို ကိုယ်တော်ကိုယ်တိုင် အဆောင်တော်အရောက် လိုက်ပို့ပေးမှာမို့ စိတ်ချသွားရစ် .. ”

“ အမိန့်တော်ကို နာခံလျက်ပါအရှင် ..
ဒါဆို ခွင့်ပြုပါဦး .. ”


မတက်သာစွာပင် နေရာမှ ထွက်ခွာခဲ့ရပါ၏ .. ။

အဝေးတစ်နေရာမှ စောင့်ရှောက်ပေးလိုပါသော်ငြား အရှင့်၏အမိန့်အားလည်း မလွန်ဆန်ဝံ့သည်မို့ .. ခြေလှမ်းကျယ်တို့သည် အရှင်တို့နှင့် ဝေးရာအရပ်ဆီသို့သာ ဦးတည်သမှု ပြုပါ၏ .. ။ အရှင့်ငယ်သား သူ့အား .. မည်သည့်အတွက် နှင်ထုတ်လေပါသနည်း ဆက်စပ်တွေးတော မနေဖြစ်တော့ .. ။

ဂရုတစိုက် ပျိုးထောင်ခြင်းကို ပြုပါသည့်တိုင် ပန်းမာလာတို့ ပွင့်လန်းခြင်းငှာမစွမ်းနိုင်သော ပင်အိုမြင့်မြင့်တို့၏အောက်ဝယ် .. အရှင်နှင့်သခင်လေးငယ်တို့၏ ပုံရိပ်ပါးနှစ်ခုဟာ ဝေးကွာကျန်ရစ်ခဲ့လေရင်းသာ .. ။


🌨️


နှင်းမှုန်ဖွေးဖွေးလမ်းသွယ်တို့ထက် တစ်ကိုယ်တည်း လျှောက်လှမ်းလာရင်း နှုတ်ခမ်းထောင့်စွန်းတို့ မြင့်တက်မိချိန်တစ်ခဏ .. ။ စိတ်အစဉ်သည်လည်း မဝေးလှသော နေ့ရက်တချို့ဆီ လူးလားခေါက်တုံ့၍ ရောက်ရှိသွားခဲ့ရ၏ .. ။

ထိုနေ့တွင် သူသည် .. ရှောင်းအရှင်၏ သက်ညှာပေးမှုဖြင့် လက်နက်ကိုင်ဆောင်ခြင်းအား တဖန်ပြန်လည်၍ ခွင့်ပြုချက်ရရှိခဲ့သည့်အတွက် ဝမ်းမြောက်ပျော်ရွှင်နေခဲ့ပါ၏ .. ။ ဆိုရလျှင် .. ဉာဏ်နည်းထုံထိုင်းလွန်းစွာဖြင့် သခင်‌လေးငယ်အား တစ်ယောက်တည်းချန်ထားရစ်၍ ပန်းပဲဖိုသို့ သုတ်သုတ်ထွက်ခွာခဲ့မိသည်အထိ .. စဉ်းစားဆုံးဖြတ်နိုင်စွမ်းတို့ ယိုယွင်းခဲ့သည်ပင် .. ။

ɪɴᴅɪsᴘᴇɴsᴀʙʟʏ「 ᴏɴ ɢᴏɪɴɢ 」Where stories live. Discover now