Ep_12 အဆိပ်သင့်လေသော「 အဆိပ္သင့္ေလေသာ 」

175 25 31
                                    

Unicode

တစ်ချပ်ဖွင့်လှစ်ထားသော ပြတင်းငယ်မှတဆင့် .. ဆောင်းဦးကာလရဲ့ နှင်းမှုန်စတွေဟာလဲ အဆောင်တော်အတွင်း တိုးဝင်သက်ဆင်းခွင့် ရလေသည်ထင့် .. ။

နှင်းမှုန်စတို့ ဝေ့ဝဲကျဆင်းလာနေသော ကောင်းကင်ထက်သို့ ဆွေးဆွေးမြည့်မြည့် ငေးကြည့်လိုက်ရင်း .. အရှင့်နှုတ်ခမ်းပါးတို့ဟာ ဖျော့တော့တုန်ရီစွာဖြင့် .. ။

ရွှေခန္ဓာထက်မှ နဂါးဝတ်ရုံတော်သည်ကား နှင်းငွေ့ရိုက်မှုဖြင့် စိုထိုင်းစပြုလေ၏ .. ။


“ ဝတ်ရုံတော် အနားစွန်းကို တင်းတင်းကိုင်ဆွဲ၍တစ်နည်း .. ကိုယ်တော့်လက်အစုံကို အမြတ်တနိုးဆုပ်ကိုင်၍တစ်ဖုံ .. မရည်ရွယ်ပါသော ရည်ရွယ်ရင်းတွေဖြင့် စတင်ချည်နှောင်ခြင်းကို ပြုခဲ့ဖူးလေသောအမောင် .. အပါးတော်မှ တစ်ဖဝါးမခွာစတမ်း စောင့်ရှောက်ခစားခွင့်အတွက် မျက်ရည်ကြည်တို့ ဝေ့လည်သည်အထိ ဝမ်းမြောက်ရွှင်လန်းခဲ့ပါသောအမောင် .. ကိုယ်တော့်အသက်ထက်ပင် ချစ်ခင်မြတ်နိုးရ‌ပါသောအမောင် .. ဝိသေသများစွာဖြင့် ထိုကဲ့သို့သော အမောင်သည် ဒီနေ့ ဒီအချိန်မှာတော့ဖြင့် ကိုယ်တော့်အား အထီးကျန်လွမ်းဆွေးခြင်းမှာ တစ်ကိုယ်တည်း ချန်ထားရစ်ခဲ့လေပြီတကား .. ”


နှုတ်ခမ်းနှစ်လွှာဟာ ဖြည်းလေးစွာ ပွင့်ဟရင်း .. တိုးလျလျ ဆိုညည်းသံကတော့ဖြင့် ဆောင်းဦးရဲ့ ပထမဆုံးသော လေပြည်ညှင်းတွေကြား ‌တိုးဝင်ပျောက်ကွယ်သွားရသည် .. ။

အဆောင်တော်ပြတင်းကို အလုံးစုံစေ့ပိတ်၍ အရှင်ဟာလဲ နေရာမှ ထတော်မူလေ၏ .. ။

ထင်ရှားလာခဲ့ပြီဖြစ်သော ဝမ်းပျဉ်းတော်ထက် ဝဲဘက်လက်ကို သာသာဖွဖွတင်ရင်း .. မို့မောက်နေသော ခြေဖမိုးတော်တို့ဟာ စက်တော်ခေါ်ရာ သလွန်ညောင်‌စောင်းထက်ဆီ တစ်လှမ်းချင်းစီ .. တစ်လှမ်းချင်းစီသာ .. ။

သို့တည်းမဟုတ် .. လွန်လေပြီးသော အတိတ်ကာလရဲ့ တစ်ခေါက်ပြန်မရောက်နိုင်တော့တဲ့ အချိန်တွေဆီသို့ တစ်လှမ်းချင်းစီ ပြန်လည်ခရီးနှင်နေခြင်းလဲ ဖြစ်နိုင်ရာ၏ .. ။

ɪɴᴅɪsᴘᴇɴsᴀʙʟʏ「 ᴏɴ ɢᴏɪɴɢ 」Место, где живут истории. Откройте их для себя