Unicode
လူ့လောကကြီးထဲကို ခြေတစ်လှမ်းချမိတာနဲ့ ပထမဆုံးရင်ဆိုင်ရမှာ အလွှာအတန်းအစားဆိုတဲ့ လူနေမှု ဘဝပုံစံကိုပဲ။ ခေတ်ကာလကြီး တိုးတက်လာလို့ အဆင့်အတန်းခွဲခြားခြင်းတွေ မျိုးရိုးအနိမ့်အမြင့် သတ်မှတ်ခြင်းတွေ ဘယ်လိုပဲ ပျောက်ဆုံးသွားပြီဆိုစေအုံးတော့အောက်ခြေလူတန်းစားတွေက အမြဲလိုလို အထက်တန်းလွှာတွေနဲ့ တန်းတူအခွင့်အရေးရတယ်ဆိုတာ ရှားပါတယ်။ ရှိကိုမရှိဘူးလို့တောင် ပြောချင်တာ။ ကတ်သီးကတ်ဖဲ့ ပြောတဲ့သူတွေရှိမှာ စိုးလို့သာ စကားခံလိုက်တာ။
အထက်ဖားအောက်ဖိတတ်တဲ့ သူမျိုးတွေရှိနေသရွေ့
အခြေခံလူတန်းစားတွေကတော့ နှိမ်ခံမြဲ နှိမ်ခံရမှာပဲ။
လာဘ်စားတတ်တဲ့သူတွေနဲ့ အထက်ဖားအောက်ဖိလို
ကောင်တွေက ဘယ်လောက်ခေတ်တွေပြောင်းပြောင်း
မျိုးဆက်ပြတ်ကျန်ခဲ့တယ်ဆိုတာမရှိဘူး။ ဘယ်နိုင်ငံ
မှာမဆို ဒီလိုကောင်တွေ အနည်းအကျင်းတော့ ရှိကြသေး
တာပဲ။အဲ့လိုကောင်တွေနဲ့ ဆန့်ကျင်ဘက် လူမှန်ကြီးတွေလည်း
ရှိသေးပြန်တယ်။ လူတွေပြောပြောနေကြတဲ့ ရိုးသား
ဖြောင့်မတ်တယ် ဆိုတဲ့ကောင်တွေပေါ့။ ဒီလိုကောင်တွေ
ကိုကျ ထယ်ဟျောင်းသိပ်ကြည့်မရဘူး။ တော်တော်လေး
ကြည့်မရတာဆိုပိုမှန်မယ်။ ဘာလို့ဆို ငတုံးတွေမို့လို့လေ
ရိုးသားတယ်ဆိုမှတော့ တုံးပြီပေါ့။ ဒီလောက် အရှူပ်
အရှင်းများတဲ့ ခေတ်ကြီးထဲ ရိုးသားတော့ရော ဘာရလို့လဲ။
နေရာတကာမှန်နေလို့မကောင်းဘူးနော်။ သူများ
ပစ္စည်းမခိုးဘူး သူများအသတ်မသတ်ဘူး ဆိုတာနဲ့တင်
လူကောင်းလို့ ပြောလို့ရပြီ။ အပြိုင်အဆိုင်ပေါများတဲ့
ခေတ်ကြီးထဲမှာ နဲနဲလေး ကောက်ကျစ်ပြီး လူလည်ကျ
နိုင်မှ ချောင်လည်တာလေ။ ထယ်ဟျောင်းကတော့ အဲ့လို
ထင်သည်။ဆင်းရဲသားမာနတွေ အော်နေတဲ့ ကောင်တွေလည်း
ရှိတယ်။ မြင်ဖူးတယ်။ အဖက်မလုပ်ဘူး။ အော်နေလဲ
အထင်မကြီးဘူး။ လူကြည့်တော့ မိုးရွာရင် ခိုလှုံစရာ
ထီးကောင်းကောင်းတစ်ချောင်းတောင် မရှိဘဲနဲ့ လေကျယ်
နေတာတွေတွေ့နေရတော့ ရယ်တော့ရယ်ချင်တယ်။
အထင်ကြီးတာခံချင်လို့ အသံကောင်းဟစ်ပြနေတော့
လဲ ဘယ်သူထမင်းလာကျွေးလဲ။ ဘဝကြီးက ဒရမ်မာ
ကား ဆန်မနေဘူး။ ပုံပြင်ဆန်မနေဘူးဆိုတာ
ကိုယ့်ကောင်တွေကို ဘယ်လိုပြောပြရပါ့မလဲ။ တလွဲမာန
တွေထားနေလဲ အချိန်တန်ရင် ဒီလူတွေဖိနပ်အောက်
ရောက်မှာပဲကို။ လက်တွေ့ကျကျတွေးတတ်ဖို့ ဒီကောင်
တွေကို အခွင့်ရရင် သင်တန်းတောင်ပေးချင်သေးတယ်။
YOU ARE READING
Like A Rose
FanfictionSoft Kook Vkook ,Taekook Romance , Drama Just A Fanfiction June 4 2021