Episode-7

1.1K 192 160
                                    

Unicode

ထယ်ဟျောင်း ညကြီးအချိန်မတော် ၀ရံတာမှာ ရပ်ကာ စီးကရက်ကို ဖွာနေမိသည်။ နှာသီးဖျား နှင့် နှုတ်ခမ်းစပ်မှ ထွက်လာသော အခိုးအငွေ့များဟာ လေထုထဲ၌ တကွဲတပြားစီ ပျံ့လွင်ကုန်ကြသည်။ လက်ညိုးနဲ့လက်ခလယ်ကြားမှာ ရှိသည့်
လက်သန်းစာလောက် အရာလေးကို တကျိုက်တကျိုက် ရှိုက်လိုက်တိုင်းမှာ
စိတ်တွေက‌ပေါ့သွားသလို။ လေဟာနယ်ထဲမှာ သွားချင်ရာသွားနေတဲ့ အငွေ့တွေလိုပဲ စိတ်ဟာလဲ တကယ်ကို လွတ်လွတ်လပ်လပ်ရှိ၏။ ဆေးလိပ်သောက်ရတာကို
အစွဲကြီးစွဲနေတာမျိုး မဟုတ်ပေမယ့် ကြိုက်တော့ ကြိုက်မိနေပြီ။

တလိပ်ပြီးတော့ နောက်တစ်လိပ်ထုတ်လိုက်သည်။ ခဲရောင်ဆွယ်တာ
ဘောင်းဘီ အိတ်ကပ်ထဲက အသင့်ပါလာ‌သော မီးခြစ်ကို ထုတ်၍ နှုတ်ခမ်း
စပ်မှာညှပ်ထားတော့ စီးကရက်နှင့် တေ့၍မီးညှိလိုက်သည်။ မီးညှိပြီးသည်
နှင့် ပြန်ရှိုက်သည်။ ဆေးလိပ်သောက်နေရရင် အရာအားလုံးကို မေ့ထားနိုင်သည်။ စီးကရက်ကို လက်မှာညှပ်ကာ ကိုယ်အနဲငယ်ကိုင်း၍ ၀ရံတာပေါ်လက်ထောက်ပြီး
ညပတ်၀န်းကျင်ကို အကဲခတ်ကြည့်နေမိသည်။

တိတ်ဆိတ်နေသော ညအတွင်း ညည့်ကောင်ကလေးများ၏ အော်သံ ကျလိ
ကျလိကိုလဲ ကြားနေရသည်။ ညည့်ဟာတအားမနက်သေးပေမယ့် လူချမ်းသာ
ရပ်ကွက်ဖြစ်တာရယ်တစ်ကြောင်း မိုးရွာသွန်းထားတာရယ်ကြောင့် ပတ်၀န်းကျင် တစ်ခုလုံး စိုစွတ်ကာ ဆိတ်ငြိမ်လျက်ရှိ၏။ လမ်းမီးများသာထွန်းထားသော အိမ်ရှေ့လမ်းမဆီမှ အဖြူရောင်ကားလေးဟာ တရွေ့ရွေ့ဖြင့် အိမ်ထဲကို မောင်းနှင်လာသည်။

ကားမှထွက်လာသူက ညကြီးအချိန်မတော် သောက်စားပျော်ပါးတတ်သည့် လူငယ်တစ်ယောက်လဲ မဟုတ်သလို၊ အလုပ်ကိစ္စတွေနဲ့ရှုပ်နေသည့် အဖေလဲ
မဟုတ်ပြန်ပေ။ အမေသာလျှင် ဒီလို အချိန်တွေ ပြန်ပြန်လာတတ်တာ။ ကားပေါ်မှ ဆင်းလာပြီးနောက် သူမ အိမ်စင်၀င်အောက်သို့ ၀င်သွားလေပြီ။ အမေ့ကို
မမြင်ရတော့တာနဲ့ လက်ထဲက စီးကရက်ကို လက်မဖြင့် ဖိချေသတ်လိုက်
ပြီး လွှင့်ပစ်လိုက်သည်။ အကယ်၍များ ဒီကိုခြေလှမ်းမှားပြီး ရောက်လာခဲ့ပါလျှင်
သူမစိတ်ထဲ ဒီကောင်ကို ခပ်ဆိုးဆိုးလို့ မထင်သွားစေလိုပါ။

Like A Rose Where stories live. Discover now