Episode-22

1K 143 103
                                    

Unicode

' ဒုန်း ဒုန်း '

အပြင်မှတံခါးကိုအဆက်မပြတ်ထုနေသည့် အသံများကြောင့် ချွန်းဂျယ်
စိတ်တိုသွားသည်။ ကျစ်ခဲနဲ စုတ်သတ်လိုက်ရင်း ဂျောင်ဂုကျောကို
ဆောင့်တွန်းကာ အိပ်ယာပေါ်၌ ထားပစ်ခဲ့သည်။ တွေ့ရာသဘက်ကို ခါးမှာ
ပတ်လိုက်ပြီး တံခါးဖွင့်ပေးလိုက်စဉ် ချွန်းဂျယ်မှာ မယုံနိုင်သော မျက်နှာ
ဘေးဖြင့်

" ရဲတွေ? ဒီကို ဘယ်လိုဖြစ်ပြီးများ "

" စိတ်မရှိပါနဲ့ ခင်ဗျ၊ လူကြီးမင်းက ရှင်ဟယ်ဆွန်း သေဆုံးမှုမှာ
သံသယအရှိဆုံးလူနာအဖြစ် ကောက်ချက်ချခံထားရတဲ့အတွက်
ယာယီစောင့်ကြည့်ပါရစေ "

" ဟာ! လုံး၀အဓိပ္ပာယ်မရှိတာပဲ၊ DNAစစ်ပေးခဲ့ပြီလေ "

" မှန်ပါတယ်။ ဒါပေမယ့် အဲ့ဆေးစစ်ချက်ကို သံသယရှိနေကြလို့ပါ။
ကျွန်တော်တို့ကလည်း တာ၀န်အရလုပ်ရတာဆိုတော့လေ။ ဒီရက်ပိုင်း
ခဏလေးပါပဲ။ ကျွန်တော်တို့ကလည်း စစ်ဆေးစရာရှိတာ စစ်ဆေး
ပြီးရင် ပြန်လွှတ်ပေးပါ့မယ် "

ချွန်းဂျယ် စိတ်ထဲလေးသွားသည်။ နိုင်ငံခြားကိုစောပြီး မထွက်သွားရလေခြင်း
ဆိုကာ တွေးပြီးနောင်တရနေသည်။ ရဲတွေကလည်း လက်ထိပ်တပြင်ပြင်
သူကလည်း အသည်းအသန်ခံငြင်းနေသည်။

" မလိုက်နိုင်ဘူးပဲ စောက်သိက္ခာကျတယ် "

" အေးဆေးလိုက်ခဲ့ပါ မဟုတ်ရင် ကျွန်တော်တို့ရော
ခင်ဗျားရော အခက်တွေ့ပါလိမ့်မယ် "

" တော်စမ်း အကုန်ထွက်သွားကြ "

မရမကငြင်းဆန်လေတော့ ရဲတွေကလည်း မတက်သာသည့်အဆုံး ဆွဲခေါ်လေတော့သည်။ ချွန်းဂျယ်မှာ ရုန်းလည်းရုန်း အောက်ကသဘက်ကိုလည်း အရှက်
မကွဲစေရန် ထိန်းနေရသည်။ ဆူဆူညံညံအသံများနောက်မှ တည်ကြည်သော
အသံက ထွက်လာသည်။

" စုံစမ်းစစ်ဆေးစရာမလိုတော့ပါဘူး "

ဂျောင်ဂုက အ၀တ်တွေတောင်ပြန်၀တ်ထားပြီး ပုံစံကဖရိုဖရဲဖြစ်နေသည်။
မှန်အက်နေသည့်ဖုန်းလေးကို ‌ရဲတစ်ဦးထံထိုးပေးလိုက်ပြီး

" ဒီထဲမှာသက်သေတွေရှိပါတယ် အဲ့တာနဲ့မှမလုံလောက်သေးရင် ကျွန်တော့်
လက်ထဲက အသားစတစ်ချို့ကိုယူပြီး စစ်ဆေးနိုင်ပါတယ် "

Like A Rose Where stories live. Discover now