Episode-18

860 164 106
                                    

Unicode

JungKook's POV ;

ထယ်ဟျောင်းစကားကို ကြားလိုက်ပြီးသည့်နောက် စူးစမ်းလိုသည့် အကြည့်များက သူ့ဆီကျရောက်လာသည်။ အစ်မဆူအာကတော့ တုန်လှုပ်ခြင်းမရှိပေမယ့် လေးလေးနက်နက်တွေးနေဟန်၊ ထယ်ဟျောင်းကပဲဆက်ပြီး

" ကြိုတင်ကြံစည်ထားတာ အလုပ်ဖြစ်သွားလို့ လို့တော်သေးတယ်.ဟယ်ဆွန်းအလောင်းကို ခွဲစိတ်တော့မှာပဲလို့ ယူဆထားထဲက စစ်ဆေးချက်အဖြေကိုကြိုသိရဖို့ ဒီမြေခံထောက်လှမ်းရေးအချို့နဲ့ ချိတ်ဆက်မိပြီးသား "

ကျွန်တော့်အနေဖြင့် အံ့ဩစရာတော့မရှိ၊ ထယ်ဟျောင်းပါးစပ်က သူ့ဘာသူ
သူက ဘယ်သူဘယ်ဝါရဲ့သားဖြစ်ကြောင်း အမြဲတစေထုတ်ဖော်ကြွားဝါတာမျိုး မရှိခဲ့ပေမယ့် ဟိုတယ်မှာလုပ်နေစဉ်အတွင်း ၀န်ထမ်းတွေရဲ့တီးတိုး ပြော
ဆိုမှုတွေကတဆင့် ကြားသိခဲ့ရသည်။ ဒါတွေသိတုန်းကဆို ကျွန်တော့် အနေနှင့် တုန်လှုပ်ခြင်းမရှိ။ သူ့အကြောင်း ခရေစေ့တွင်းကျမသိပေမယ့် သူက
အသိုင်းအဝိုင်းကြီးထဲက ပေါက်ဖွားလာသူဆိုတာတော့ အပြုအမူနဲ့အသွင်အပြင်ကို ကြည့်ရုံနဲ့ ခန့်မှန်းနိုင်သည်။

ကျွန်တော်မရှင်းသေးတဲ့အရာတစ်ချို့လည်း ရှိသေးတာကြောင့်

" သူတို့က အန်တီ့ကိုကျဒီတိုင်းသတ်သေတာလို့ပြောပြီး မင်းကိုကျ
ဘာလို့အမှန်တိုင်းပြောပြတာလဲ.အမှုကို မဟုတ်မမှန်လုပ်ကြံဇာတ်ခင်းပြီး
ရှောင်နေတာတွေလူမိမှာမကြောက်ကြဘူးလား.ပေါ်ကုန်မှာ မစိုးရိမ်ကြဘူး
လားမသိ "

ထယ်ဟျောင်းက ကျွန်တော်မေးတာချက်ချင်းမဖြေဘဲ ဟယ်ဆွန်းအမေဘက်လှည့်၍

" အန်တီ အင်တာနက်သုံးတတ်လား "

သူမကခေါင်းလေး အသာယမ်းပြီးပဲ

" အန်တီက တုံးလွန်းပါတယ်သားရယ်၊ ဖုန်းဆက်ဖို့လောက်ပဲတတ်တာ "

ဒါလဲဟုတ်လောက်မည်။ ဟယ်ဆွန်းအမေပုံစံက ရိုးအပြီးအေးသည်။
ဒီနေ့လိုခေတ်ကြီးထဲမှာ အင်တာနက်မသုံးတတ်တဲ့သူက မရှိသလောက်နည်းပါးတယ်ဆိုပေမယ့် အန်တီ့လိုလူမျိုးတွေလည်း တစ်ယောက်မက ရှိနေနိုင်သေးသည်။

Like A Rose Where stories live. Discover now