Unicode
Jungkook's POV ;
ထယ်ဟျောင်းဖုန်းကျန်ခဲ့လို့ သွားယူနေတုန်း ကားထဲမှာ ကျွန်တော်စောင့်နေရသည်။ သူ့ကိုလည်း အခုတလော ဘာမှပြန်မပြောရဲလောက်အောင် ကြောက်ပါကြောက်တယ်။ ဘာစိတ်၀င်နေမှန်းမသိလို့။
အလုပ်လုပ်ရတာတော့ အဆင်ပြေပြေရှိပါတယ်။ လုပ်သက်နုပေမယ့်လို့ မီးဖိုချောင်ဆိုတာ အငယ်ထဲက အကျွမ်းတ၀င်ရှိခဲ့သည်မို့ ဘာမှသိပ်မခက်ခဲပေ။ လစာဘယ်လောက်ပေးမယ်မှန်းမသိပေမယ့် ဂင်ထယ်ဟျောင်းကတော့
လျှော့ပေးမှာတော့ မဟုတ်လောက်ပါဘူး။ ထင်တာပြောတာပါ။ လျှော့ပေး
လည်းဘာတက်နိုင်မှာလဲ။ ပေးသလောက်ယူပေါ့။အရင်အလုပ်တွေထက် အများကြီးအဆင်ပြေတဲ့ အလုပ်ကိုပေးလို့ ကျေးဇူး
တင်ချင်သော်လည်း မတင်ဖြစ်၊ ကျွန်တော်ပေးဆပ်ထားတာနဲ့ ဒါတွေက
ဘယ်လောက်မှ မဟုတ်လို့ ဘာမှမတန်တော့လို့။အငြိုးထားတာတော့မဟုတ်ဘူး။ ဒါပေမယ့် အမှတ်တော့ကြီးတယ်။ အငြိုးထားတယ်ဆို တချိန်ချိန်မှာ သူတို့ကို ပြန်ကလဲ့စားချေချင်တဲ့ စိတ်
ရှိတာကိုပြောတာ။ ဘာလုပ်မှာလဲ အဲ့တာကြီးက ပူလောင်တယ်။ ကျွန်တော်က
ဒီတိုင်းပဲမှတ်ထားတာ၊ မခံချင်စိတ်ဖြစ်လာအောင်ပေါ့။ စိတ်လေချိန်တွေမှာ
အရင်ကခံစားရတာတွေကို ပြန်တွေးရင်း ဒီလိုမျိုးတွေထက်မဖြစ်အောင်
အနှိမ်ခံဘ၀က ကျွတ်အောင် ကြိုးစားချင်စိတ်တွေ မပျောက်သွားစေဖို့
အထောက်အကူပြုသည်လေ။' အား '
တစ်နေကုန်မျက်မှန်တပ်ထားရတာ ဇက်ညောင်းလို့ လက်တွေဘာတွေ
ဆန့်တန်းရင်း အကြောဖြေလိုက်သည်။ မျက်မှန်သမားပေမယ့် ကျွန်တော်
က မျက်မှန် တပ်လေ့မရှိဘူး။ မျက်မှန်နဲ့ရုပ်ကြီးကို အကျင့်ဖြစ်သွားမှာ
စိုး၍သာ။ မျက်မှန်ဖြုတ်လိုက်ရင် မချောဘူးတွေ ဘာတွေ လာနေအုံးမယ်။
တကယ်တော့ မျက်မှန်မတပ်ရင်တောင် ပိုချောပြီးသား။အလုပ်လာရင်တက်လာတယ်။ ဘာလို့ဆို မန်နေဂျာတွေ လူကြီးတွေကို
အဝေးကတည်းကမြင်ရင် နှုတ်ဆက်လို့ရအောင်။ ဒီတိုင်းဆို ဘာမှမမြင်
ဘူးလေ။ စားဖိုဆောင်ရောက်ရင်တော့ မျက်မှန်ချွတ်တယ်။ မလိုတော့ဘူး
လေ မျက်မှန်ခံနေရင်တောင် ချက်ရပြုတ်ရ အနှောင့်အယှက်ဖြစ်သေးတယ်။
YOU ARE READING
Like A Rose
FanfictionSoft Kook Vkook ,Taekook Romance , Drama Just A Fanfiction June 4 2021