Episode-2

1.4K 210 142
                                    

Unicode

' ဒုန်း '

" အလကားကောင်ကွာ! "

ချွန်းဂျယ် စားပွဲခုံကို အားပါးတရ ထုချပြီး ဟိုနေ့က ကိစ္စကို အခဲမ‌ကြေကြောင်း
စမြုပ်ပြန်နေသည်။ ထယ်ဟျောင်းကတော့ ရှေ့က အမေရိကာနိုကိုသာ
ပိုက်နဲ့အေးဆေး စုပ်သောက်နေလိုက်သည်။

ဒီနေ့တော့ သူနဲ့ချွန်းဂျယ် နှစ်ယောက်ထဲ တက္ကသိုလ်တစ်ခုနားက ကော်ဖီဆိုင်လေးမှာ ထိုင်ဖြစ်ကြသည်။ ကျောင်းနားက ဆိုင်ကဆိုတော့ သိတဲ့အတိုင်းပဲ
လူရှုပ် ကားရှုပ်ရယ်။ ဆိုင်ထဲလဲမဝင်ဖြစ် အပြင်က ဝိုင်းမှာသာ အေးဆေးထိုင်
နေလိုက်ကြသည်။ အင်္ကျီရောင်စုံများနဲ့ မယ်မဒီလေးတွေကလဲ နွေဥတုနဲ့ အပြိုင်လှနေရောပဲ။ ဒီလို Public Area တွေက စိတ်ရှုပ်စရာကောင်းပေမယ့်
တစ်ခါတစ်လေကျပြန်တော့လဲ အပျင်းတော့ပြေသားပဲ။

" မင်းတို့သာ ဝင်မတားရင် ဒီကောင် ပိုနာတယ် "

ကုန်တော့မည့် အမေရိကာနိုကို လက်စသတ်လိုက်ပြီး စားပွဲပေါ်ပြန်ချကာ

" ပြီးခဲ့တာလဲ ပြီးနေပြီ ဟိုကောင်လဲ တော်တော်ဖုသွားတာပဲ
ဒီလောက်နဲ့ ကျေနပ်ပါတော့ကွာ "

" ရမလားကွ ငါ့အကြောင်းလဲ မင်းသိသားနဲ့ "

ထယ်ဟျောင်း ဟက်ခနဲပဲ ပြုံးပြလိုက်သည်။ သူ့အကြောင်းသိလို့ပဲ ပြောနေတာပေါ့။ တကယ်တော့ ချွန်းဂျယ်က သောက်တုံး။အလကားနေ ဒေါသကြီးပြီး
လူတကာကို ဟောက်စားလုပ်ချင်နေတာ။ ငွေရယ်၊ လူကောင်ထွားတာရယ်နဲ့
သူ့အ‌‌ဖေကိုအားကိုးပြီး လူမိုက်ဆိုက်အမြဲဖမ်းနေကြ။ အဖွဲ့ထဲမှာလဲ သူလေအထွားဆုံး။ ပြဿနာလဲ အရှာနိုင်ဆုံး။ ထယ်ဟျောင်းအပါအဝင်ကျန်တဲ့ သူတွေက
မာနကြီးပေမယ့် အေးအေးဆေးဆေးနေတတ်တယ်။ ဒါပေမယ့် သတ္တိကတော့
ဒီကောင့်ထက် မနဲကြပါဘူး။ ထယ်ဟျောင်းက စကားတွေအများကြီးမပြောတတ်ဘူး။ ကိုယ့်ကိုလာမထိသရွေ့ မသက်ဆိုင်သလိုနေတယ်။ ထိပါးလာရင်တော့
အမှားသေးသေးကြီးကြီး၊ တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ ဘယ်နည်းနဲ့မဆို ရအောင်အနိုင်ယူရမှာပဲ။ ဒါသူ့ စိတ်ရင်းအမှန်ပဲ။

" အိုပါး "

အသံချိုချိုလေးကြောင့် သူရော ချွန်းဂျယ်ပါ လှည့်ကြည့်လိုက်ကြသည်။ အစိမ်းရောင် အပျော့သားဂါဝန်လေးနဲ့ ကောင်မလေးက သူ့ဆီက ပါးချိုင့်လှလှလေးတွေ ခွက်ဝင်သွားအောင်ကို ပြုံးပြရင်း သူတို့ဆီ လျှောက်လာသည်။

Like A Rose Where stories live. Discover now