Episode-9

1K 188 111
                                    

Unicode

စာမေးပွဲကာလတွေမှာ ရေကုန်ရေခမ်းကြိုးစားထား၍လားပင်မသိ၊ နောက်တစ်နေ့မှာ သွေးပေါင်တွေကျလို့ လူကမူးလဲချင်နေသည်။ ကျောင်းပိတ်သွားပေမယ့် လူက အနားမရသေးပါ။ ကျောင်းနားက၂၄နာရီစတိုးမှာ အချိန်ပိုင်း၀င်လုပ်နေတုန်း၊ စနေ၊တနင်္ဂနွေတွေမှာကျတော့ တရုတ်ကြီးဆိုင်မှာ၀င်ကူရင်း အားတဲ့အချိန်တွေမှာ ကြော်ငြာစာစောင်ဝေတာတွေ အရုပ်မျက်လုံးကပ်တာတွေ လုပ်သည်။ ပိုက်ဆံရရင်ရသလိုလုပ်သည်။

စိတ်ရောလူရော ပင်ပန်းနေတာကိုတောင် ဦးနှောက်ကအနားမယူဖို့ တွန်းအားပေးနေသည်။ အနားပေးဖို့ရာကလဲ မဖြစ်ပါ။ အခုလိုကုန်းရုန်းရှာထားမှ စုမိဆောင်းမိရှိမှာ။ ဒါတောင်အလျှံအပယ်မဟုတ်သေး။ ဘွဲ့မရခင်ထိတော့ အခုလို တိုလီမိုစအလုပ်တွေပဲ လုပ်ရအုံးမည်။

အဘွားက အသက်ကြီးလာတော့ ကျန်းမာရေးအတွက် ဆေးဖိုးဝါးခက လိုလာတော့မှာလေ။ ဒါကြောင့် မဖြစ်ခင်က ကြိုစုဆောင်းထားမှ တော်ရာကျမည်။

အခုလဲ ကြက်ကြော်ဆိုင်တစ်ခုအတွက် လူစည်ကားရာတစ်နေရာမှာ ကြော်ငြာစာစောင်တွေ လိုက်ဝေရအုံးမည်။ အရင်က သင်တန်းစာစောင်တွေ ဝေရတဲ့အလုပ်က ငွေသိပ်မရဘူး။ ‌သင်တန်းသားတွေလည်း မရဘူးထင်ပါ၏။

ဟုတ်တော့လည်းဟုတ်သည်။ လူတစ်ရာမှာ ခုနှစ်ဆယ်လောက်ကအစားအသောက် မက်တာချည်းပဲကို။ စားကောင်းသောက်ကောင်းကို မကြိုက်ကြတာ ရှားပါတယ်။ လျှာအကျင့်ဖြစ်မှာစိုးလို့ရယ် အခြားသော အကြောင်းအရာများကြောင့်ရယ်သာ ရှောင်ကြတာဖြစ်ပါလိမ့်မယ်။

စားကောင်းသောက်ကောင်းဆိုသည့် နေရာမှာ ဈေးနှုန်းနဲ့ အမျိုးအစားကိုလိုက်ပြီး ဆုံးဖြတ်တာထက် ကိုယ့်လျှာကိုယ့်ခံတွင်းထဲတွေ့နေရသမျှ အရာအားလုံးက ကောင်းမွန်သောဟင်းလျာတွေပဲ မဟုတ်ဘူးလား။ အရသာရှိတယ်လို့ ခံစားရရင် ဒါဟာဟင်းကောင်းတစ်ပွဲ။ ဘာအရသာမှမရှိဘူးလို့ ထင်မြင်မိရင်တော့ ဈေးပေါပေါ
ဈေးကြီးကြီး အပေါစားဟင်းဖြစ်သွားမှာပဲ။

အရသာကောင်းမကောင်းကို လူတိုင်းခံစားတတ်ပါတယ်။ ပကာသနတွေကိုမေ့ထားပြီး ခံစားကြည့်ရင် တန်ဖိုးရှိတဲ့ ဟင်းလျာအစစ်ကို တွေ့ရှိကြပါလိမ့်မည်။

Like A Rose Where stories live. Discover now