Unicode
Taehyung's POV ;
ရှုပ်ထွေးလှပါချည်ရဲ့ဆိုသည့် ဆိုးလ်မြို့လည်ခေါင် လမ်းမထက်မှာ ကားနက်တစ်စီးဟာ အရှိန်ပြင်းပြင်းနဲ့မောင်းနှင်နေဆဲ။ အလိုရှိရာသို့ရောက်ရန် အရွယ်အစား အရောင်စုံသော ကားများကို ကျော်တက်ကွေ့ပတ်မောင်းခဲ့
သည်။Golden Palace ကကားပါကင်တွေ ကျွန်တော့်ကားကို ထိုးရပ်ခဲ့သည်။
ချွန်းဂျယ် အခန်းရှိရာ လေးလွှာသို့ ရောက်ရန် ဓာတ်လှေကားကို စီးရသည်။
အကြောင်းစုံကို မေးမြန်းရမည်။ အလိမ်တွေပါနေမယ်ဆိုတာ သိပေမယ့်လည်း
ရာခိုင်နှုန်းနည်းပါစေလို့သာ ဆုတောင်းရမည်။ချွန်းဂျယ်နေထိုင်ရာ အခန်းရှေ့ရောက်တော့ ဘဲလ်ကိုတီးလိုက်သည်။
ကျွန်တော်ဆိုတာ သိသည်နှင့် ချွန်းဂျယ်က တံခါးချက်ချင်းဖွင့်ပေးသည်။" ရုတ်တရက်ကြီးပါလား "
" မင်းဇနီးလောင်း သတင်းကြားပြီးလိုက်လာတာ ဘယ်လိုဖြစ်တာလဲ "
ချွန်းဂျယ်က တံခါးကို ပိတ်လိုက်ပြီး
" အေးကွာငါလဲ မသိတော့ဘူး "
" သူ့ဗီဒီယိုတွေ မင်းဖြန့်တာမလား "
ချွန်းဂျယ်မျက်နှာက ပျက်သွားပြီး
" ငါနဲ့ ဘာမှမဆိုင်ဘူး "
ဒီလောက်သိသာနေတာကိုတောင်လိမ်ရက်တယ်။
သောက်ရူးပဲ သွားလိမ်၊ ကျွန်တော် သူ့မျက်နှာကို ထိုးချပြီး
ကော်လံစတွေ ဆောင့်ဆွဲကာ' ခွပ် '
" ငါ့ကိုမလိမ်နဲ့ ဒါတွေက မင်းလက်ထဲမှာပဲရှိတာလေ မင်းလုပ်ရက်လှချည်
လား နောင်တချိန်လူအများရှေ့မှာ ချပြရမယ့် ကိုယ်ဇနီးလောင်းရဲ့
သိက္ခာကို မင်းကိုယ်တိုင်နင်းချေရက်တယ်နော် "" မင်းပြောတာတွေ ငါတစ်ခုမှမသိဘူး "
" စောက်ကလေးလို လုပ်မနေနဲ့ ခွေးကောင်! "
သူ့ရင်ဘတ်ကို အားနဲ့ဆောင့်တွန်းပစ်ရင်း
" အကုန်ဆက်စပ်ပြီးတွေးကြည့်ရင် ဒါတွေအားလုံးရဲ့
တရားခံက မင်းဆိုတာ အသေအချာပဲ။ ဘယ်သူ့မေးမေးကွာ
မင်းငြင်းနေလဲ ဘာမှမထူးဘူး "
YOU ARE READING
Like A Rose
FanfictionSoft Kook Vkook ,Taekook Romance , Drama Just A Fanfiction June 4 2021