Episode-21

1K 149 92
                                    

Unicode

[ A/N : " ကျွန်တော် " ဆိုပြီးနာမ်စားသုံးတာက တချို့နေရာတွေမှာ
အခက်အခဲဖြစ်လို့ နောက်ဆို နာမည်တွေနဲ့ပဲသုံးပါတော့မယ်။ တခြား
သူတွေရဲ အမြင်တွေ၊ရှု့ထောင့်တွေလဲပါလာမှာမို့ပါ။ အရှေ့ပိုင်းက
သုံးခဲ့တဲ့ဟာတွေကိုလည်း ဖြည်းဖြည်းချင်းပြန်ပြင်ပေးသွားပါ့မယ်။ ]

ထယ်ဟျောင်းဆီက ကြားရတဲ့စစ်ဆေးချက်အဖြေကို ဂျောင်ဂုလုံး၀ကို
မယုံနိုင်။ ယုံကြည်ဖို့လည်းမသင့်။ ချွန်းဂျယ်လိုကောင်ရဲ့ ဦးနှောက်က
အရောင်မျိုးစုံနေတာ။ သူကိုယ်တိုင်လာပေးတဲ့ဟာက သန့်ရှင့်မှာတဲ့လား။
ဒါနဲ့ပဲအဲ့ကောင်ကို အပြစ်ပေးဖို့ အချိန်တွေက ကြန့်ကြာရအုံးမည်။ စောင့်ကို
မစောင့်နိုင်တော့။ ထယ်ဟျောင်းတို့လို တဆင့်ချင်းသွားနေလို့ကတော့
ဟိုကောင်က နိုင်ငံခြားပြေးဖို့တောင် အသင့်ဖြစ်နေလောက်တော့မည်။

အတန်းထဲမှာ ဆရာတွေတစ်ယောက်ပြီးတယောက် ၀င်သင်လိုက်
ထွက်လိုက်လုပ်နေသော်လည်း ဂျောင်ဂု စာသင်ရတာစိတ်ထဲမရှိ။
ချွန်းဂျယ်ကို အပြစ်ပေးနိုင်ဖို့သာ စိတ်လောနေမိသည်။

ငိုင်တွေတွေသူ့ပုံစံကိုမြင်ပြီး ဘေးမှကျောင်းသားက

" ဘာဖြစ်နေတာလဲ မင်း "

ဂျောင်ဂု ခေါင်းသာအသာယမ်းပြလိုက်သည်။ ထိုကျောင်းသားက
ဆက်ပြီးပဲ

" ဟယ်ဆွန်းကိစ္စတွေးနေတုန်းလား "

ဂျောင်ဂုသူ့ကို တချက်သာကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။
ဟယ်ဆွန်းရဲ့ အတန်းဖော်တွေဆိုတော့ သူမအကြောင်းကို အကုန်
တီးမိခေါက်မိရှိကြသည်။

" တရားခံကိုမိပြီလား "

ဂျောင်ဂုသက်ပြင်းချ၍

" မမိသေးဘူး "

ထိုကျောင်းသားက စားပွဲခုံကို ရိုက်ချရင်း

" အသုံးမကျတာကွာ ဘေးလူကြည့်ရင်တောင် တရားခံက
ဘယ်သူလဲဆိုတာသိသာတယ်၊ သူ့ကောင်လေးတိုက်ခန်းမှာ
သေတယ်။ ဖြစ်နိုင်ချေအရှိဆုံးက သူ့ကောင်ပဲလေ၊ ချက်ချင်း
ဖမ်းပြီးထောင်ချလို့မရရင်လည်း စစ်ဆေးလေ "

Like A Rose Where stories live. Discover now