Episode-11

1K 173 64
                                    

Unicode

" နှလုံးသွေးကြောကျဉ်းတာက အမျိုးသားအများစုမှာ အဖြစ်များတယ်ဆိုပေမယ့် အခုလိုအသက်အရွယ်ကြီးရင့်ပြီး သွေးဆုံးတာကြာပြီဖြစ်တဲ့ အဘွားတို့လို အမျိုးသမီးကြီးတွေမှာလဲ ဖြစ်တတ်ပါတယ် "

ဟိုနေ့က ရက်ချိန်းသွားပြတော့ ဆရာ၀န်ရဲ့စကားသံကို ဂျောင်ဂုကြားယောင်ပြီး အလုပ်လုပ်ရတာ စိတ်မပါတော့ပေ။ အဘွားကနှလုံးသွေးကြောကျဉ်းရောဂါကို ခံစားနေရတာတဲ့လေ။ ကံကောင်းတာတစ်ခုက နှလုံးသွေးကြောတွေတော့ မပိတ်သေးဘူး။ ဒါပေမယ့်လဲ သွေးကြောကျဉ်းလို့ ရင်ဘတ်အောင့်တာ နာရီ၀က်ကျော်ရင် သွေးကြောပိတ်သွားတတ်တယ်တဲ့။ စိုးရိမ်တာဒါပါပဲ အဘွားအနားမှာ အမြဲရှိနေနိုင်တာမှ မဟုတ်တာရယ်။

သွေးကြော၃ချောင်း ပိတ်သွားရင် ခွဲစိတ်ရမှာတဲ့။ ငွေကြေးလဲမပြည့်စုံသေး။
ပြီးတော့ အဘွားအရွယ်နဲ့ ခွဲစိတ်ဒဏ်တွေကို ခံနိုင်ပါ့မလား။ မေ့ဆေးအရှိန်လွန်မိလို့ ပြန်မနိုးလာတာမျိုးတွေ‌ ဂျောင်ဂုမကြုံချင်။မကြားချင်။

အချိန်ပြည့်ဂရုစိုက်နေပေးပြန်ရင်လည်း စား၀တ်နေရေးအတွက် မည်သူမျှ
လာထောက်ပံ့မည်မဟုတ်။ အခုဆို အဘွားကျန်းမာရေးအတွက်ပါ ထည့်စဉ်းစားရတော့မှာ။ တနေကုန်တနေခမ်းကုန်းရုန်းရှာနေပေမယ့် အိမ်မှာ
အဘွားက တစ်ခုခုဖြစ်နေမှာလည်း ပူပန်ရသေးသည်။

ဘ၀ကြီးက အဆင်ပြေမနေပါ။ နက်စ်တစ်ယောက် ငှားပေးချင်တာကလည်း
စိတ်ပဲရှိတာ။ စိတ်အလိုလိုက်နိုင်မယ့် ငွေကမရှိ။ သက်ပြင်းကိုသာ
အကြိမ်ကြိမ်ချနေမိတော့သည်။ အစားအသောက်ချက်ရာမှာလည်း စိတ်မပါ။
တရုတ်ကြီးကတော့ မျက်နှာရိပ်မျက်နှာကဲကိုကြည့်ပြီး ဘာမှလည်း
မမေးသလို ဘာမှလည်းမပြောပေ။ ဘာမှလည်းပြောပြချင်စိတ်မရှိပါ။ ကိုယ့်အပူတွေကို သူများကို မကူးစက်စေလို။

မတတ်နိုင်တဲ့အဆုံးတော့ အိမ်လေးကို အပေါင်ခံထားသည့်သူဆီမှာ အောက်ဈေးနဲ့ရောင်းပစ်ရမှာပဲ။

" ဂျောင်ဂု ဟိုသားအမိလာပြီ "

" ဟုတ်ကဲ့ ထုံးစံတိုင်းပဲလား "

Like A Rose Where stories live. Discover now