Unicode
JungKook's POV ;
ဟယ်ဆွန်းသတင်းကြားပြီး နောက်နေ့ ကျွန်တော်နှင့်အတူ အတန်းထဲက
အခန်းဖော်တွေအကုန် ဟယ်ဆွန်းအိမ်ကို လိုက်လာခဲ့သည်။ ထူးဆန်းသည်
က အခင်းဖြစ်တာ သူ့အမေနဲ့အတူနေသည့် သူမရဲ့အိမ်မှာမဟုတ်။အကျိုး အကြောင်း သိရအောင် မေးကြည့်လေတော့ သူမအမေက ၀မ်းနည်းစွာပဲ" ချွန်းဂျယ်နဲ့တွဲထဲက ဟယ်ဆွန်းက အိမ်ပြန်မလာဘူး၊ ချွန်းဂျယ်ငှား
ပေးထားတဲ့ တိုက်ခန်းမှာဘဲ တခါခါ သွားနေတတ်တယ်။ မင်းတို့လည်း
သိပါတယ် သူက စိတ်ရှုပ်တတ်တယ်လေ။ အန်တီ့အိမ်လို ပေတိပေစုတ်
အခန်းကျဉ်းလေးထဲမှာ သူစာလေ့လာရတာ သက်တောင့်သက်သာ
ဘယ်ရှိပါ့မလဲ "ကျွန်တော်တို့အားလုံး ဘာတုံ့ပြန်ရမှန်းမသိအောင်ဆွံ အနေချိန်မှာပဲ
သူမအမေက ငိုသံရောယှက်လျက် ထပ်ပြောသည်။" သမီးလေးက လိမ္မာပါတယ်ကွယ်၊ သူက အန်တီ့ကို အိုဇာတာကောင်း
စေချင်တာ၊ သူ့ပညာရေးကြောင့် အန်တီအကြွေးတွေပူနေရတာလည်း
သူ မကြည့်ရက်ဘူးလေ၊ ချွန်းဂျယ်နဲ့တွဲနေရင်း ကောင်လေးက
သူ့ကို ထောက်ပံ့တယ်ထင်ပါရဲ့ အကြွေးတော်တော်များများကို သူဆပ်
ပေးသွားရှာတယ်။ ဘွဲ့ရပြီး အလုပ်ရရင်ရင် အမေ့ကို အိမ်ပိုင်နဲ့ထားပြ
မယ်ဆိုပြီးလဲ တဖွဖွပြောရှာပါတယ် အခုတော့ ဟင့် "အကုန်လုံးစိတ်မသက်သာ ဖြစ်သွားရသည်။ ကျွန်တော်အပါအ၀င် အားလုံး မျက်နှာမကောင်းကြ။ မိန်းကလေးတချို့ဆို ငိုချင်တာထိန်းထားရသည့်နှယ်
အံများကြိတ်ထားလျက် မျက်လုံးများနီရဲကာနေသည်။ စိတ်မကောင်း
ပေမယ့်လည်း သံသယတချို့ရှိနေသေးတာကြောင့် ကျွန်တော်ကပဲ" ဟို ဟယ်ဆွန်းရဲ့ရည်းစားရော သူသတင်းလာမမေးဘူးလား "
ဟယ်ဆွန်းအမေက မျက်ရည်စက်လေးတွေကို လက်ကိုင်ပုဝါလေးဖြင့်
ဖိသုတ်ရင်း ခေါင်းအသာလေးယမ်းကာ" မလာပါဘူးကွယ်၊ ကောင်လေးက အရင်ထဲက အလာကျဲတယ်။
လက်ထပ်တာတောင် ဟယ်ဆွန်းအသိပေးလို့သာ။ သူ့ဘက်က
လာခွင့်တောင်းတာမျိုးလည်းမရှိဘူး၊ အရမ်းချမ်းသာတော့ အန်တီတို့ကို
ခွဲခြားတယ်ထင်ပါတယ် "
YOU ARE READING
Like A Rose
FanfictionSoft Kook Vkook ,Taekook Romance , Drama Just A Fanfiction June 4 2021