Episode-6

1.1K 195 175
                                    

Unicode

မှေးမှိန်နေသော တိုက်ခံအိမ်လေးရှေ့ ကားနက်တစ်စီး ညင်သာစွာထိုး
ရပ်လိုက်သည်။ ထယ်ဟျောင်းခေါင်းကို အနဲငယ်ငုံ့၍ ကားမှန်အောက်ကနေ
အိမ်ကို တစ်ချက်ငဲ့ကြည့်လိုက်ရင်း

" ဒါလား မင်းအိမ် "

ဂျောင်ဂုက နှုတ်ဆိတ်လျက်ပင် ပြန်မဖြေပါ။ ခါးပတ်ကို ချွတ်ပြီးသည်နှင့်
ကားပေါ်မှဆင်းရန်ပြင်သည်။ သူ့ကို နှုတ်တောင်မဆက်ဘဲလေ။
အလိုက်ကန်းဆိုးမသိတဲ့ လက်က ဂျောင်ဂုလက်ကို ဆွဲထားမိပြန်သည်။
ဘာလဲဆိုသည့် အငေါ်အတူး အကြည့်နှင့်ပြန်ကြည့်သည်။ ထယ်ဟျောင်းကလဲ
ဘာကိစ္စကြောင့် ဆွဲထားမိမှန်းမသိတော့ သူ့မျက်နှာကြည့်ရင်း အတတနဲ့
နောက်တော့သူကပဲ လက်ကို ရုန်းပြီး ဆင်းသွားသည်။ လစ်ဟာသွားတဲ့
သူ့လက်ဖဝါးကို အကြောင်းမဲ့ကြီး ငိုင်တွေကြည့်နေမိသည်။
ထွက်သွားတော့မယ့် လူတစ်ယောက်ကို ဒီလက်ချောင်းတွေနဲ့ အသည်းအသန်
ဖမ်းဆွဲထားဖူးခဲ့တယ်။ ထို့ကြောင့်လဲ အဲ့လူဟာ ကိုယ့်အနားမှာ ရှိနေသေးတာ။

ဂင်ထယ်ဟျောင်းတို့ မည်သည်က ချစ်သော သူမမှလွဲ၍ ကိုယ့်အနားမှာ မနေချင်သည့် မည်သူ့ကိုမျှ ချုပ်နှောင်ထားရန် အတွေးမရှိ။ သူမလက်ကို ဆွဲခဲ့သည်က
ပထမဆုံးနှင့်နောက်ဆုံးအကြိမ် ဖြစ်မယ်ထင်မှတ်ထားခဲ့ပေမယ့် အခုတော့
ဒီလူက ဒုတိယလူ ဖြစ်လာလေမလား

တိုက်ခံအိမ်လေး၏ အရောင်က ညစ်နွမ်းနေသလို၊ လွမ်းစရာကောင်းလောက်အောင်လဲ တိတ်ဆိတ်နေပါလျက်၊ ၀မ်းနည်းခြင်း အငွေ့အသက်တွေက ဒီအိမ်
နဲ့ တော်တော်လေး လိုက်ဖက်တယ်။ သူရူးများနေလားမသိ၊ အိမ်ကို
မြင်ပြီး ပေါက်ပန်းလေးဆယ် လျှောက်ခန့်မှန်းနေတာ၊

လေးနေတဲ့ စိတ်တွေနဲ့ပဲ ထိုအိမ်ရှေ့ကနေ ထွက်လာလိုက်သည်။ တစ်စုံတစ်ယောက်က ထွက်လာပြီး ရန်စောင်နေရင် ပြန်ဖက်ဖြစ်နေရအုံးမယ်။ စိတ်မကြည်ရင် စကာလုံးတွေကပါ ညစ်ပတ်တာတွေထွက်လာမှာ။ ကြမ်းကြမ်းတမ်းတမ်း စကားတွေကို ဒီမှာထက် အခုသွားတွေ့မယ့် ကောင်ကို ပြောပစ်ဖို့ ပို
ထိုက်တန်မယ်လို့ထင်တယ်။

Like A Rose Where stories live. Discover now