Chapter - 11

829 128 39
                                    

Unicode

"oppa..........နောက်တစ်ခါလောက် ထပ်လုပ်ကြမလား ဟင်..."

Yg-"ငါစိတ်မပါဘူး...မင်းသွားလို့ရပြီ...ဒီညအတွက် မင်းဘယ်လောက်လိုချင်လဲ..."

လူသားတို့ အမှီတဝဲသုံးစွဲလေ့ရှိသည့် ဆေးလိပ်ဆိုသောအရာကို တစ်ချက်ဖွာလိုက်ရင်း အပေါ်ပိုင်းဗလာဖြစ်နေသည့် ခန္ဓာကိုယ်ကို မထိတထိပွတ်သပ်လာသူအား Yg စိတ်ရှုပ်စွာဆိုလိုက်မိသည်...။

Yumi ဆိုတဲ့မြေခွေးပြည်တန်ဆာမက ဈေးကြီးသလို လူတိုင်းငေးမောရလောက်သည့် အလှတရားတို့ကို ပိုင်ဆိုင်ထားသည့်သူမ...။ ပြည်တန်ဆာဆိုပြီး လျော့တွက်ရင် သိပ့်မှားသွားလိမ့်မည်...။ Yumi ကမြေခွေးမ ဆိုတဲ့အတိုင်း သူလိုချင်တဲ့အရာမှန်သမျှ မရ ရအောင် ရယူတတ်ရုံမက ကောက်ကျစ်စဉ်းလဲပြီး ဉာဏ်နီဉာဏ်နက်ပေါင်းစုံ သူမဆီမှာရှိသည်...။

Yumi-"Arrr oppa ကလည်းကွာ...Yumi ကပိုက်ဆံမမက်ပါဘူး...ပိုက်ဆံများ ပေါလွန်းလို့...Yumi က oppa နဲ့အတူတူပဲ့ နေချင်တာ နော်....."

Yg-"တော်တော့ Yumi.....မင်းသွားတော့..."

Yg မျက်ထောင့်ဖြင့် တစ်ချက်လှည့်ကြည့်ရင်း
ဆိုတော့ ဆူပုတ်ပုတ်ဖြင့်သွားသည့်သူမ မျက်နှာက ချစ်စရာကောင်းသလား ချောသလား ဝေခွဲမတတ်...သေချာသည်က ကြည့်ကောင်းလွန်းသည်...။

Yumi-"ဟွန့် oppa က Yumi ကိုဆိုအမြဲရက်စက်တယ်...မွစ် "

Yg ရဲ့ဘယ်ဘက်ပါးပြင်ကို လျင်မြန်အနမ်းပေးကာ ထွက်သွား‌လေသောသူမ...။ လိုချင်တာမရ၍ ဆောင့်အောင့်သွားသည့်ဒေါက်ဖိနပ်သံက ခပ်ကျယ်ကျယ်...။

မိန်းကလေးတစ်ယောက် ကျွန်တော့်ပါးကို အသာတကြည်အနမ်းပေးသွားတာတောင် ကျွန်တော်ဘာမှမခံစားရဘူး...။ ကျွန်တော့်နုလုံးသားက အဲလိုပဲ့ အမြဲဗလာဖြစ်နေတာ...။ တစ်ခါခါကျတော့လည်း တစ်ခုခုကို လိုအပ်နေသလို တောင်းတနေသလို...။ ကျွန်တော့်နုလုံးသားက သိပ့်နားလည်ရခက်တယ်ဗျ...။ ဒဏ်ရာမရှိဘဲနဲ့လည်း ခဏခဏနာကျင်နေရတာမျိုး...။

ဂျီ~~~ဂျီ~~~ဂျီ~~~ဂျီ~~~(silent mode)

(ဖုန်းမြည်သံ)

Nj-"‌ဟျောင့်...မင်း Park Jimin ဆိုတဲ့ကလေးကို ခေါ်သွားတယ်မလား...မင်းအဲလိုမလုပ်စမ်းပါနဲ့ကွာ...ငါတောင်းပန်ပါတယ် Yoongi ရာ...Kim Group ကငါ့ကိုတရားစွဲတော့မယ်...အဲ့ ကလေးငါ့ကို ချက်ချင်းပြန်ပေး...‌‌ဒါမှမဟုတ် ကောင်လေးကို ငါလာခေါ်ရမလား..."

The Black Heart Of Vampire (Unicode&Zawgyi)Where stories live. Discover now