Unicode>>>
အချစ်ကို ဘယ်လို နားလည်ထားပါသလဲ သခင်လေး?
သခင်လေး ကျွန်တော့်ကို ရွံမုန်းသလောက်...
ကျွန်တော် သခင်လေးကို ချစ်မြတ်နိုးပါရစေ...။နီရဲရဲမျက်လုံးအိမ်က မလိုလားတဲ့အကြည့်တွေ ၊ အမုန်းတရားတွေနဲ့ တွန့်ချိုးထားတဲ့မျက်ခုံးနက်နက်တွေ ၊ ရှောင်ဖယ် စွန်ပစ်ခံရမူတွေ...ထိုအရာတွေကိုမှ ကျွန်တော်ဟာ ချစ်ခဲ့မိလေသတဲ့...။
ကျွန်တော်ဟာ ပိတ်ထားတဲ့ လှောင်အိမ်ကိုမှ အတင်းတိုးဝင်ချင်နေတဲ့ ငှက်တစ်ကောင်ပါ...။ သခင်လေးက အလိုမရှိဘူးဆိုရင်တောင် ကျွန်တော်က အတင်းတိုးဝင်နေမိမှာပဲ့...။ ကျွန်တော်ဟာ မိုက်မဲပါတယ်...။
ကျွန်တော်မြင်နေရတဲ့ ကောင်ကင်ကြီးက အဝေးကြီး မှာ...။
ကောင်ကင်ဟာ မြေပြင်က ကျွန်တော့်ဆီရောက်လာရင် ကမ္ဘာကြီး ပျက်စီးသွားရပါလိမ့်မယ်...။ ချိုးဖောက်ပစ်ရမယ့် လောက နိယာမတွေနဲ့...အမှတ်မထင်တည်ရှိနေတဲ့ သဘာဝလွန်ဖြစ်ရပ်တွေနဲ့...ပေးဆပ်ရမယ့် မျက်ရည်တွေနဲ့.....
ကျွန်တော့် ကမ္ဘာကြီး ပျက်စီး သွားရပါလိမ့်မယ်။
Disney အချစ်ဇာတ်လမ်းတွေအကြောင်း တွေးမိတော့ ကျွန်တော့် လှောင်ရီချင်လာတယ်...။ တစ်စုံတစ်ယောက်ကိုချစ်ရတာ အဲလောက်မှ မလွယ်ကူဘဲ...။
ထိုနည်းတူ Disney character တွေကလည်း အဝေးကနေသာ ခိုးယူငေးကြည့်နိုင်တဲ့ ကျွန်တော့်အဖြစ်ကို လှောင်ရီကြပါလိမ့်မယ်...။
တစ်ဖက်သတ် ငရဲ မှာ ကျွန်တော် ပူလောင်ရတာ ပျော်ပါတယ်...။
ကျွန်တော် မျက်ရည်တွေအပြည့်နဲ့ ပျော်ရပါတယ် //
Min အိမ်တော်၏ အနောက်ဘက်ရှိ ဝက်သစ်ချပင်ကြီးအောက်တွင် ထိုင်ကာ ကြည်လင်နေသော ကောင်ကင်ပြာကြီးအား တငေးတမော ငေးကြည့်နေပါသော ကောင်လေး...။
ကောင်ကင်ဟာ ဘာလို့များ အဝေးကြီး ရောက်နေပါသလဲကွယ်...။
ဘယ်ဘက်ပါးပြင်မှ သီးသန့်ဆန်စွာ တစ်စက်တည်း စီးဆင်းလာသော မျက်ရည်စကို
Jimin ခပ်ဆန့်ဆန့်သုတ်လိုက်သည်...။
![](https://img.wattpad.com/cover/223859287-288-k548098.jpg)
YOU ARE READING
The Black Heart Of Vampire (Unicode&Zawgyi)
Fanfictionတိမ်တွေရဲ့ အနောက်ဘက်တစ်နေရာမှာ မိုးကုတ်စက်ဝိုင်းကြီး ရှိပါသလား...။ ရှိတယ်မလား...။ အကယ်၍ မရှိခဲ့ရင်တောင် ရှိတယ်လို့ မုသားပြောပေးကြပါ...။ ကျွန်တော်ဟာ မိုးကုတ်စက်ဝိုင်းကြီးဆီကို အရောက်သွားနေတဲ့ ညိုနက်ရောင် မိုးသားတိမ်လေးမို့ပါ...။ တိမ်တွေရဲ့ အနောက...