Unicode//
Yg-"အခုကစပြီး မင်းက ငါ့အပိုင်
Min Jimin 💛...ငါကမင်းရဲ့ သခင်လေး Min Yoongi 🖤 ပဲ့...ဒါကိုမင်းဦးနှောက်ထဲမှာမြဲမြဲမှတ်ထား..."Yoongi က Jimin ခေါင်းကိုခပ်ဆတ်ဆတ်တွန်းကာ အမိန့်ဆန်စွာဆိုသော်လည်း Jimin မမူ...။ မျက်ရည်လေးဝှေ့လည်ရင်းသာ ကျေနပ်ပြုံးလေး Jimin ပြုံးနေမိသည်...။
Jm-"ဟုတ်ကဲ့...သ...သခင်လေး..."
အသက်မပါသော မျက်နှာသေဖြင့်စိုက်ကြည့်ရင်းကနေ ရုတ်တရက်ဆိုသလို အငွေ့ပျံ့ပျောက်ကွယ်သွားသည့် Yoongi ကြောင့် Jimin မှာ ငေး၍သာကျန်ခဲ့ရသည်...။
ဝဲဘက်ရင်ဘတ်အုံကို မြားတစ်ချောင်းလာစိုက်သည်...။ နင့်ခနဲ့ မြည်အောင် နာကျင်မူက နက်ရှိုင်းလွန်းလှသဖြင့် ကုသရန် မဖြစ်နိုင်ပါ...။
'သခင်လေး' သည်သာ Jimin ၏သက်ကယ်ဆေး~
အကြိမ်ကြိမ် ပစ်ပယ်ခြင်းခံရသော်လည်း လွမ်းဆွတ်မူငရဲကို ကျက်သားမရသေးသူသည် Jimin ပင်ဖြစ်သည်...။ ထပ်ပြီး သူဆီကအကြာကြီးပျောက်ကွယ်သွားအုံးမှာ သူစိုးရွံမိသည်...။ အိပ်မက်ထဲမှာဖြစ်စေ ၊ အပြင်လောကမှာဖြစ်စေ 'Hyung' သို့မဟုတ် 'သခင်လေး' ဆိုသူ ဆီကပစ်ပယ်ခြင်းခံရမှာကို Jimin သေမတတ်ကြောက်ပါသည်...။
မိဘတွေဆီက စွန့်ပစ်ခံရပြီးပြီ ။ အချစ်ဆုံးသူငယ်ချင်းဆီက စွန့်ပစ်ခံရပြီးပြီ ။ သူအချစ်ရဆုံးသူ ဆီကလည်း အချိန်အကြာကြီး စွန့်ပစ်ခံရဖူးပြီးပြီ ။
စွန့်ပစ်ခံလူတန်းစားဟာလည်း ဆက်ပြီးပစ်ပယ်ခံနေရတုန်း...။ အနားမှာရှိပေးဖို့ တောင်းဆိုချင်ပါသော်လည်း သခင်လေးက Jimin အပိုင်မှမဟုတ်တာ...။
Jm-"သ...သခင်လေး ဟင့်...ဟီးးးးးအီးးးးး*sod* ကျေးဇူးပြုပြီး ကျွန်တော့်အနားမှာနေပေးပါဗျာ....."
ကုတင်ကိုမှီရင်း ကြမ်းပြင်ပေါ်၌ ကလေးတစ်ယောက်လို ရှုံးပွဲချအော်ငိုမိသည်...။
ကျွန်တော်ဟာ သိပ့်မိုက်မဲတဲ့သူပါလား...။
ချစ်ခဲ့မိ၍ ခံစားရသမျှ ဒဏ်ရာတစ်ခုချင်းစီတိုင်းဟာ မျက်ရည်တွေနဲ့ သိပ့်နာကျင်ခဲ့ရကြောင်း... သခင်လေး ချစ်လာတဲ့တစ်နေ့ကျရင် ပြောပြရအုံးမည်...။
VOCÊ ESTÁ LENDO
The Black Heart Of Vampire (Unicode&Zawgyi)
Fanficတိမ်တွေရဲ့ အနောက်ဘက်တစ်နေရာမှာ မိုးကုတ်စက်ဝိုင်းကြီး ရှိပါသလား...။ ရှိတယ်မလား...။ အကယ်၍ မရှိခဲ့ရင်တောင် ရှိတယ်လို့ မုသားပြောပေးကြပါ...။ ကျွန်တော်ဟာ မိုးကုတ်စက်ဝိုင်းကြီးဆီကို အရောက်သွားနေတဲ့ ညိုနက်ရောင် မိုးသားတိမ်လေးမို့ပါ...။ တိမ်တွေရဲ့ အနောက...