Unicode
<<<Flash back<<<
*Yoongi ၏မှတ်ဉာဏ်တို့ပျက်သုံးရန် (၁၂) နာရီ အလို*
ထိုအချိန်က Min စံအိမ်မှ ထွက်ပြေးရန် စီစဉ်နေသော ကောင်ငယ်လေးတစ်ယောက်ရှိခဲ့သည်...။ မိမိ၏ မိသားစုကို ထာဝရခွဲခွာရတော့မည့်အကြောင်း သူ့အာရုံထဲတွင်လုံးလုံးမျှ မရှိ...။ ဝရမ်းပြေးတစ်ယောက်အဖြစ် ရှင်သန်ရလိမ့်မည် ဟူ၍လည်း သူ
မတွေးတောမိ...။ ဆင်ခြင်တုံတရားသည် Kim Taeyung ဆိုသော လူသားကလေးအတွက် ပျောက်ကွယ်ရသည်...။ Kim Taeyung သာမရှိလျှင် သူ့ဘဝသေဆုံးသွားရလိမ့်မည်...။Yoongi Hyung အကြောင်းသိသွားသော Omma သည် အနှေးနှင့်အမြန် သူ့ကိုပါ ရိပ်မိလာပါလိမ့်မည်...။
သူရဲဘောကြောင်တယ်လို့ပဲ့ပြောပြော ၊ မိုက်မဲတယ်လို့ပဲ့ပြောပြော Jungkook သည်သူ့ဆုံးဖြတ်ချက်ကို မည်သို့မျှ ပြန်မပြင်နိုင်ပါ...။
သူသည် Taeyung အသက်တမျှချစ်သည်...။ ထိုကြောင့် ဖြစ်လာသမျှဘေး သူရင်ဆိုင်မည်...။
ဒေါက်...ဒေါက်...ဒေါက်...ဒေါက်...ဒေါက်
တံခါးခေါက်သံကြောင့် ထွက်ပြေးရန် ပြင်ဆင်နေသည့် ထုပ်လက်စ အိတ်ကို ကုတင်အောက်သို့ ကန်သွင်းရင်း လေပူတစ်ချက်မှုတ်ထုတ်ကာ အလောတကြီး တံခါးသွားဖွင့်ရသည်...။
တံခါးရှေ့တွင်ရပ်နေသော အကိုဖြစ်သူ
Min Yoongi သည် အိပ်ပျော်နေသော ကြောင်ပေါက်စအား လက်တစ်ဖက်နှင့်ချီထားပြီး အသက်မဲ့စွာ သူ့ကိုစိုက်ကြည့်နေသည်...။Jk-"အာ.....ကျွန်တော်က Omma မှတ်လို့... Hyung အဆင်သင့် ဖြစ်ပြီလား...ကျွန်တော်တို့ ထွက်ပြေးကြရအောင်...ကျွန်တော် Taeyung ကိုဖုန်းဆက်ထားပြီးပြီ...Jimin ရော ဘယ်မှာလဲ Hyung..."
ပြာယာခတ်အောင် အလုပ်ရှုပ်နေသော ညီဖြစ်သူအား Yoongi အသေအချာလေးကြည့်နေမိသည်...။ ဆုံးရှုံးရမည့်အသိတရားထဲတွင် ညီဖြစ်သူလည်း ပါလိမ့်မည်...။
Yg-"kookie....."
အရွယ်ရောက်သည့်မှစ၍ Yoongi ဆီမှထပ်မကြားရတော့သော နာမ်စားတစ်ခုကို Jungkook ကြားလိုက်ရသည်...။
Jk-"ဗျာ..."
Yg-"ငါနောက်ဆုံးလက်ဆောင်အနေနဲ့ Kiki လေးကို ပေးလိုက်ချင်တယ်...သူဆွဲထားတဲ့လည်ဆွဲက Omma မင်းတို့ကိုရှာမတွေ့အောင်ကူညီပေးလိမ့်မယ်...ပြီးတော့ တစ်လအကြာမှာ ki ကလူသားကြောင်လေးဖြစ်လာတော့မှာ...အဲခါကျရင် သူက ငါ့အစား မင်းတို့ကို စောင့်ရှောက်လိမ့်မယ်..."
أنت تقرأ
The Black Heart Of Vampire (Unicode&Zawgyi)
أدب الهواةတိမ်တွေရဲ့ အနောက်ဘက်တစ်နေရာမှာ မိုးကုတ်စက်ဝိုင်းကြီး ရှိပါသလား...။ ရှိတယ်မလား...။ အကယ်၍ မရှိခဲ့ရင်တောင် ရှိတယ်လို့ မုသားပြောပေးကြပါ...။ ကျွန်တော်ဟာ မိုးကုတ်စက်ဝိုင်းကြီးဆီကို အရောက်သွားနေတဲ့ ညိုနက်ရောင် မိုးသားတိမ်လေးမို့ပါ...။ တိမ်တွေရဲ့ အနောက...