Chapter - 18 🚨

1.1K 114 46
                                    

Unicode>>>

တိုက်ခတ်နေတဲ့ လေတွေကြားထဲ ကျွန်တော် တိုးဝှေ့ပြေးတယ်...။ ရင်ဘတ်ထဲမှာ သေလောက်မယ့်ဒဏ်ရာတွေ မောကြပ်နေတယ်...။ သည်း‌သည်းထန်‌ထန် ရွာနေတဲ့ မိုး‌တွေကြား ကျွန်တော်ပြေးတယ်...။ မျက်ရည်တွေဟာ မိုးနဲ့အပြိုင်ရွာတယ်...။

ပြေးတယ်...။ အဝေးဆုံးကို ရောက်သွားလိမ့်မယ် အထင်နဲ့ ပြေးတယ်...။ ဦးတည်ရာမဲ့ နေတဲ့ ခြေလှမ်းတွေဟာ နှေးများနှေးနေခဲ့သလား...။ ပုံရိပ်ဆိုးထဲက မလွတ်မြောက်နိုင်ဘူး...။

ခုန် ‌ချ လို့ ရ မယ့် ချောက် တစ်နေရာ ကို ခြေ လှမ်း‌ တွေ က အသည်း အသန် လိုက် ရှာ တယ်...။

ရင်ဘတ်ထဲက ထိုးအောင့်နေတဲ့ နာကျင်မူတွေကို တစ်နေရာရာ လွှင့်မြောပစ်လိုက်ချင်တယ်...။ မသေချင်ပါဘူး...။ တစ်ခါလောက်လေး...တစ်ခါလောက်လေးပဲ့ဖြစ်ဖြစ်
ပုံရိပ်တွေကို မေ့ဖျောက်လိုက်ချင်ရုံလေး...။

'ချစ်ရသော သခင်လေး' ဟုသောစိတ်သည် နုလုံးသားကို လောင်မြိုက်စေသည်...။ အစိတ်အစိတ်အမွှာမွှာ ကြေမွနေသော နုလုံးသားကြောင့် အသက်ရူမဝ...။

မိုးရေနှင့် မျက်ရည်တို့ပေါင်းစပ်မူသည် မျက်လုံးကို ကြိမ်းစပ်စေသည်...။ လောင်းရိပ်ထဲမှ မလွတ်မြောက်နိုင်‌သေးသော ခြေလှမ်းတို့ တဖြည်းဖြည်းလေးလံလာပြီးနောက်တွင် Jimin ရပ်တန့်မိသည်...။

မုန်တိုင်းလေ ပို၍ပြင်းထန်နေသည်...။ မိုးစက်မိုးပေါက်များ ပို၍ကြီးလာသည်...။
ကောင်းကင်ပေါ်ရှိ လျှပ်စီးကြောင်းများ ကြောက်ခမန်းလိလိ တောက်ပနေသည်...။

*ဂျိန်း* *ဂျိမ်း*

လေပြင်းတို့ကြား လွှင့်မြောချင်နေသော Jimin ၏ခန္ဓာကိုယ်သည်တိုက်၏လေသာဆောင် ထိပ်ဖျားအစွန်းလေးတွင် ရပ်သည်...။

‌မျက်ရည်တို့ သည်းထန်စွာရွာသည်...။ ကြိမ်းစပ်နေသော မျက်ဝန်းအိမ်ကို အနားယူစေတော့မည်...။ ထုံကျင်နေသော ခြေထောက်သည် ခြေတစ်လှမ်း လှမ်းရန်သာလိုသည်...။ နုလုံးသားသည် ပြိုလဲပျက်စီးပြီးနောက်တွင် ပျက်စီးလဲပြိုပြန်သည်...။

လက်သီးကို တင်းတင်းဆုပ်ထားလိုက်ချင်တောင်မှ အားမရှိသော သူ၏ခန္ဓာကိုယ်သည် လေထဲတွင် သစ်ရွက်တစ်ရွက်လို
လွှင့်မြောကြွေကျသွားမလား...။

The Black Heart Of Vampire (Unicode&Zawgyi)Onde histórias criam vida. Descubra agora