Unicode>>>
လူသား ကောင်လေး၏ စိတ်တွင်းမှ ၁၆ အလီရွတ်ဆိုသံကြောင့် Yoongi ဆိုသည့် vampire ကြီး ပြုံးစစဖြစ်နေရသည်...။ ကောင်ငယ်လေးက ၁၆ အလီကိုတောင် ဖြောင့်ဖြောင့်မဆိုနိုင်ဘဲ တ ထစ် ထစ် ဖြစ်နေသည်မို့ Yoongi ဝင်ထောက်ပေးရသေးသည်...။
Yg-"128"
Jm-".........."
Yg-"၁၆ အလီတောင်မရဘဲ ဘာလို့လူလုပ်နေသေးလဲ...စိတ်ပျက်စရာဘဲ"
Jm-".........."
လူသားငယ်သည် တစ်ခွန်းမျှ ပြန်မပြောပါ...။
သူ့ မျက်နှာကိုသာ မျက်လုံးလေးဝိုင်းပြီး ငေးကြည့်နေသည်...။ကောင်ငယ်လေး၏ အပြုအမူတို့သည် သူ့စိတ်ကိုညစ်ညမ်းစေပြီတကား...။
Yoongi ကောင်လေး၏မှေးဖျားလေးကို မောယူစေပြီး နှုတ်ခမ်းဖူးဖူးလေး၏ အနီးဆုံးနေရာဆီသို့ Yoongi အရောက်သွားလိုက်တော့ ကောင်လေးဆီမှ နုလုံးခုန်သံလှိုင်းတို့က လျင်မြန်စွာ တုန်လှုပ်လာချေပြီ...။ Jimin ၏နှုတ်ခမ်းထူထူလေးအား ထိတွေ့ရန် အနည်းငယ်အလိုမှ Yoongi ကခပ်ဟဟရယ်ကာ ပြန်ဆုတ်ခွာလိုက်သည်...။
သူ့ကစားတိုင်း စိတ်လှုပ်ရှားတတ်သည့် Jimin အကျင့်ကို Yoongi သဘောကျသည်...။မြန်ဆန်နေသည့် လူသားနုလုံးခုန်သံတို့ကို Yoongi သဘောကျသည်...။ သေဆုံးခါနီး ရပ်တန့်လုဆဲဆဲ နုလုံးသားတို့ကိုလည်း Yoongi သဘောကျသည်...။
Yg-"မင်းငါ့ကို အဲလောက်သဘောကျလား Min Jimin...မင်းစိတ်က သစ်ရွက်လိုပဲ့လှုပ်ရှားလွယ်လိုက်တာ..."
Jm-"ကျွန်တော်..သခင်လေး ကိုချစ်တယ်..."
စိတ်ကူးရူးရသမျှ စကားလုံးတစ်ချို့ နုလုံးသားကို ဖောက်ထွက်၍လာသည်...။
နုလုံးသားသည် ဆင်ခြင်တုံတရား ခေါင်ပါးလှ၏ ။
Yg-"မင်းက ငါ့လိုယောကျာ်းတစ်ယောက်ကို ချစ်ရအောင် အခြောက်လား...ဟမ်"
Yoongi ကရွံရှာစက်ဆုပ်သည့်သဖွယ် အရီတစ်ပိုင်းဖြင့် ဆိုသည်...။
Jimin ခမျာဘာတစ်ခွန်းမှပြန်မပြောနိုင်ရှာပါ...။ သူသည် တကယ်ပဲ့ အခြောက်လား...။
ထိုသို့ အတည်ယူဖို့ မဖြစ်နိုင်သည်က သူသည် လိင်တူယောက်ျားထဲတွင် Min Yoongi ဆိုသူတစ်ဦးတည်းကိုသာ မြတ်နိုးသည်...။
ŞİMDİ OKUDUĞUN
The Black Heart Of Vampire (Unicode&Zawgyi)
Hayran Kurguတိမ်တွေရဲ့ အနောက်ဘက်တစ်နေရာမှာ မိုးကုတ်စက်ဝိုင်းကြီး ရှိပါသလား...။ ရှိတယ်မလား...။ အကယ်၍ မရှိခဲ့ရင်တောင် ရှိတယ်လို့ မုသားပြောပေးကြပါ...။ ကျွန်တော်ဟာ မိုးကုတ်စက်ဝိုင်းကြီးဆီကို အရောက်သွားနေတဲ့ ညိုနက်ရောင် မိုးသားတိမ်လေးမို့ပါ...။ တိမ်တွေရဲ့ အနောက...