Unicode///
မှတ်ဉာဏ်တစ်ချို့ ကျပျောက်နေသော နေ့ရက်တွေမှာ ကျွန်တော်ကိုယ်တိုင်က ဘယ်သူများလဲ...။ ကျွန်တော့် အနားမှာ မရှိသော တစ်စုံတစ်ခုကိုပဲ့ တွေ့လိုတွေ့ငြားနဲ့ ဂယောင်ခြောက်ခြား ရှာဖွေနေမိတယ်...။
ကျွန်တော် ရင်းနှီးနေပေမဲ့ ကျွန်တော်မသိသေးသော ထိုတစ်စုံတစ်ရာ...သို့မဟုတ် ထိုတစ်စုံတစ်ယောက်...။ ကမ္ဘာကြီးဟာ ရှာဖွေဖို့ဆိုရင် သိပ့်ကျယ်လွန်းတယ်...။
အိပ်မက်လို့ ထင်ရတဲ့ အနက်ရောင်ရပ်ဝန်းဆီကနေ လွှင့်ပြယ်လာတဲ့ 'Hyung' ဟုခေါ်ဆိုသံ...။ ကျွန်တော့်ကို တုန်လှုပ်ခြောက်ခြားစေတဲ့ ထိုအသံတွေကိုမှပဲ့ ဂရူးမူးတန်း ရှာဖွေနေခဲ့တာတွေဟာ အိပ်မက်တွေရော ဟုတ်များဟုတ်ခဲ့ရဲ့လား...။
ဟူးးးးး။
သက်ပြင်းကို တိုးတိုးကလေးချသည်...။ လေပြည်အရ လွန်လူးနေသော အတွေးစတို့ကို ပြန်ချည်နှောင်ထားလိုက်သည်...။
ရင်ခွင်ထဲမှ ဆန်မုန့်လုံးလေးအား သူ၏ အနက်ရောင် နုလုံးသားအနီးထံသို့ ထပ်မံပူးကပ်ထားလိုက်ရင်း ပွေ့ချီဆောင်ကာ သူ့အိပ်ယာပေါ်တွင် အိပ်စက်စေသည်...။ အိပ်ပျော်နေသော ကောင်လေး၏ ခန္ဓာကိုယ်သည် သူထိတွေ့နေကျထက် ပို၍ပူနွေးနေ၏ ။ အနက်ရောင်ဂွမ်းစောင်ကို လွှမ်းခြုံပေးရင်း
လူသားကောင်လေး၏ နဖူးပြင်ပေါ်သို့ ချစ်မြတ်နိုးစွာ ခပ်ဖွဖွကလေး နမ်းမိသည့်တစ်ဖက်တွင် သူ၏အနက်ရောင်နုလုံးသားသည် ကျိန်စာ၏ တင်းကြပ်စွာချည်နှောင်ထားခြင်းကို ခံရသည်...။Yoongi ၏ ပျောက်ဆုံးနေခဲ့သော ဘဝတစ်စိတ်တစ်ပိုင်းထဲတွင် မည်မျှအရေးကြီးသော အခန်းကဏ္ဍများ ပါဝင်နေခဲ့သလဲ...။
Yoongi ၏နုလုံးသားရပ်ဝန်းအနီးသို့ Jimin ဆိုသော လူသားကောင်လေး စတင်ဝင်ရောက်လာချိန်မှစ၍ ကောင်လေးအပေါ် အမည်မဖော်လိုသော ခံစားချက်တချို့ သက်ရောက်နေခဲ့တဲ့အကြောင်း သူ ယခုပင်ဝန်ခံပါသည်...။
အထပ်ထပ်အခါခါ တားဆီးထားမိသော သူ၏အမုန်းတရားများသည်လည်း ကုတင်ပေါ်ရှိ အိပ်စက်နေသော ရူမဝလေးဆီ၌ မခံမရပ်နိုင် ကျရှုံးခဲ့ရပြီးပြီမလား...။ ရင်ထဲဖြစ်တည်ပြီးသား အစိုင်အခဲတစ်ခုအား ကိုယ်တိုင်ပင် ဖျောက်ဖျက်၍မရ...။ ကောင်ငယ်လေးသည် သူ့နုလုံးသားအား တစ်စ တစ်စ ချွေယူထားသည်...။
YOU ARE READING
The Black Heart Of Vampire (Unicode&Zawgyi)
Fanfictionတိမ်တွေရဲ့ အနောက်ဘက်တစ်နေရာမှာ မိုးကုတ်စက်ဝိုင်းကြီး ရှိပါသလား...။ ရှိတယ်မလား...။ အကယ်၍ မရှိခဲ့ရင်တောင် ရှိတယ်လို့ မုသားပြောပေးကြပါ...။ ကျွန်တော်ဟာ မိုးကုတ်စက်ဝိုင်းကြီးဆီကို အရောက်သွားနေတဲ့ ညိုနက်ရောင် မိုးသားတိမ်လေးမို့ပါ...။ တိမ်တွေရဲ့ အနောက...