Unicode
Yoongi side🖤
မြို့ခံတွေကတောင်မသိနိုင်တဲ့ Seoul မြို့ရဲ့လူသူကင်းဝေးတဲ့နေရာတစ်ခု...။ မြူတွေကအဆင့်ဆင့်ဖုံးလွှမ်းထားပြီး အနက်ရောင်ခြံစည်းရိုးတွေကာရန်ထားကာ ခြံနေရာအနှံမှာလည်း ပေါက်ရောက်နေတဲ့ထင်းရူးပင်တွေကအထဲကိုထိုးဖောက်၍ မမြင်နိုင်လောက်အောင်ထူထပ်လွန်းလှသည်...။
ခြံစည်းရိုးကအနက်ရောင်ဖြစ်တာကြောင့်အဝေးကကြည့်လျှင်ထင်ရှုးပင်ကြီးတွေကိုသာမြင်ရလိမ့်မည်...။ ခြံတံခါးရဲ့အနောက်မှာတော့ကားတစ်စီးသာသွားနိုင်တဲ့လမ်းကျဥ်းလေးတစ်ခုသာရှိသည်...။ ကြီးကြီးမားမားပေါက်ရောက်နေတဲ့ထင်ရူးပင်ကြီးတွေကြောင့်ခြံအတွင်း နေရောင်ကထိုးမဖောက်နိုင်...။ ခြံတံခါးကနေတဆင့်ကားလမ်းအတိုင်းဝင်သွားရင်ဖြင့် ညိုမှိုင်းနေတဲ့မြက်ခင်းပြင်ကြီးအလယ် အနက်ရောင်အိမ်ကြီးကသာမာန်လူတွေအတွက်ကြောက်မက်ဖွယ်...။ စျာပနာပွဲတစ်ခုလို အိမ်အတွင်း အခန်းအပြင်အဆင်အားလုံးကို အနက်ရောင်များသာပြင်ဆင်ထားသည်...။ စျာပနာပွဲတော့မဟုတ်ပါ...။ သာမာန်လူတွေအတွက်ဆိုးရွှားတဲ့အရာတွေကvampire မျိုးစိတ်ကဆင်းသက်လာတဲ့ထာဝရလူသားတွေအတွက်တော့ကောင်းခြင်းမင်္ဂလာတစ်ပါးပင်ဖြစ်သည်...။
မနက်ခင်းဆိုပေမယ့်မုန်တိုင်းကြောင့်လေများကြမ်းတမ်းစွာတိုက်ခတ်ကာမိုးများတချုန်းချုန်းရွာလျက်ရှိနေသည်...။
အနက်ရောင်ဧည့်ခန်းကျယ်ကြီးတစ်ခုရဲ့ဆိုဖာပေါ်မှာခြေသလုံးလောက်ရှိတဲ့ဆံပင်အဖြူရောင်အရှည်ကြီးကိုချလျက်အနက်ရောင်ဂါဝန်အရှည်ကြီးဝတ်ဆင်ထားတဲ့အမျိုးသမီးတစ်ဦး....မှန်ပြတင်းပေါက်တစ်ခုကနေအပြင်ကိုလှမ်းကြည့်လိုက်ရင်း.......
"သာယာလိုက်တဲ့မနက်ခင်းလေး....."
Vampire တွေမို့ghost တွေကိုသာအိမ်အကူဖြစ်ခန့်ထားခြင်း....
Ghost-"နံနက်စာအဆင့်သင့်ဖြစ်ပါပြီ....သခင်မကြီး"
"သားလေးYgကိုရောနိုးပြီးပြီလား..."
Ghost-"ဟုတ်ကဲ့အခုပဲ့သခင်အကိုလေးကိုသွားနိုးလိုက်ပါ့မယ်"
"ဒီနေ့red juiceသောက်ရအောင်လို့ပါပြောခဲ့...."
YOU ARE READING
The Black Heart Of Vampire (Unicode&Zawgyi)
Fanfictionတိမ်တွေရဲ့ အနောက်ဘက်တစ်နေရာမှာ မိုးကုတ်စက်ဝိုင်းကြီး ရှိပါသလား...။ ရှိတယ်မလား...။ အကယ်၍ မရှိခဲ့ရင်တောင် ရှိတယ်လို့ မုသားပြောပေးကြပါ...။ ကျွန်တော်ဟာ မိုးကုတ်စက်ဝိုင်းကြီးဆီကို အရောက်သွားနေတဲ့ ညိုနက်ရောင် မိုးသားတိမ်လေးမို့ပါ...။ တိမ်တွေရဲ့ အနောက...