Unicode...
Yg-"အဲတော့...မင်းကမင်းရဲ့လည်းပင်ကသွေးတွေကိုငါ့ကိုသောက်စေချင်တဲ့သဘောလား...."
Jm စိတ်တို၍သာပြောခဲ့သော်လည်းYg ကားvampireတစ်ကောင်ဆိုသည်ကိုမေ့နေခဲ့ခြင်း...။Jm ကြောက်စိတ်ဖြင့်အားကုန်သုံးပြီးYg ကိုယ်ကိုတွန်းလိုက်တော့ Yg မှာနောက်ပြန်လှဲကျသွားရသည်...။
Jm Yg ဆီမှအမြန်ထွက်လာလိုက်သည်။ဧည့်ခန်းအတွင်း၌ဂိမ်းဆော့နေသော JK နှင့် Tae တို့ဆီလာကာဆိုဖာပေါ်သို့ဖုန်ကနဲ့ထိုင်ချလိုက်သည်...။
အခန်းထဲသို့ဝင်လာကာမျက်နှာတစ်ခုလုံးနီရဲနေပြီးဆိုဖာပေါ်၌အတွေးဝင်နေသောJm ကြောင့်Tae နဲ့ Jk လည်းဘာမှမပြောနိုင်ဘဲJm ကိုသာအကြောင်သားငေးကြည့်နေမိသည်...။
Jk-"Jiminshi...အဆင်ပြေရဲ့လား..."
Jk မေးတာတောင်Jmမကြားနိုင်ဘဲစိတ်ထဲတွင်Yg ပြောသောစကားနှင့်အတူYg ၏မရယ်မပြုံးဖြူစွတ်စွတ်မျက်နှာကိုသာမျက်ယောင်နေသည်...။
"အဲတော့...မင်းကမင်းရဲ့လည်းပင်ကသွေးတွေကိုငါ့ကိုသောက်စေချင်တဲ့သဘောလား...."Jm အတွေးများကိုပျောက်စေရန်မိမိ၏ပါးပြင်ကိုလက်ဖြင့်ခပ်ကြမ်းကြမ်းသာရိုက်ရတော့သည်...။
Tae-"Jm...နေကောင်းရဲ့လား...ဖြေဦးလေ.."
Jm-"အော်....ဟို...ဟို...ဟို...ငါသွားအိပ်တော့မယ်..."
Jm ဦးနှောက်အတွင်း၌Yg ကသာစိုးမိုးနေဆဲ
Tae မေးသည်ကိုလည်းမကြားတာမို့Jm ပြောချင်ရာသာပြောပြီးထွက်လာခဲ့သည်...။Jk-"Jm ဘာဖြစ်နေတာလဲ...တစ်ခုခုတော့တစ်ခုခုပဲ့...."
Tae-"ဟုတ်တယ်ကိုကို...something...something..."
အိပ်ရာပေါ်၌ Jm လူးလိမ့်နေမိသည်...။Yg ကိုတွေ့တိုင်းအကြောက်လွန်နေသည်မို့လား...စိတ်လှုပ်ရှားလွန်၍လားမသိ...ဘယ်ဘက်ရင်ဘတ်မှအကောင်ငယ်သည်အမြဲဝုန်းဒိုင်းကြဲနေတတ်သည်..။မတွေ့ရပြန်တော့လည်းထိုသူအားတွေ့ချင်နေမိပြန်သည်...။ထိုတစ်ညလုံး Jm အတွေးများဖြင့်သာအချိန်ကုန်ရတော့မည်..။
Jk အိမ်ပြန်ရောက်တော့Yg ကအခန်းထဲမှခရီးဆောင်အိတ်ကြီးကိုဆွဲ၍ထွက်လာသည်...။
YOU ARE READING
The Black Heart Of Vampire (Unicode&Zawgyi)
Fanfictionတိမ်တွေရဲ့ အနောက်ဘက်တစ်နေရာမှာ မိုးကုတ်စက်ဝိုင်းကြီး ရှိပါသလား...။ ရှိတယ်မလား...။ အကယ်၍ မရှိခဲ့ရင်တောင် ရှိတယ်လို့ မုသားပြောပေးကြပါ...။ ကျွန်တော်ဟာ မိုးကုတ်စက်ဝိုင်းကြီးဆီကို အရောက်သွားနေတဲ့ ညိုနက်ရောင် မိုးသားတိမ်လေးမို့ပါ...။ တိမ်တွေရဲ့ အနောက...